Home
မြန်မာသတင်း
ဘီးလင်းတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ‌ကျောင်းသူ ၁ ဦး သေဆုံး
DVB
·
December 25, 2023
Bilin_25122023

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေး-ဝင်းပြန် ကျေးရွာကြားမှာ ဒီဇင်ဘာ ၂၄ ရက် နေ့လယ်လောက်က စစ်ကောင်စီတပ်ရဲ့ ကား ၃ စီးကနေ လက်နက်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့လို့ စက်ဘီးနဲ့သွားနေတဲ့ ကျောင်းသူတယောက် ကျည်ဆန် ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “စက်ဘီးနဲ့သွားနေတာ၊ အထပ်သား သွားလှမ်းပေးတာတဲ့၊ ဝင်းပြန်ကျေးရွာ ကွက်သစ်ပိုင်က။ သေနတ်နဲ့ပစ်လို့ လည်ပင်းထိပြီး သေသွားတယ်” လို့ ပြောပါတယ်။

သေဆုံးသူမှာ အသက် ၁၄ နှစ်အရွယ် ကျောင်းသူ မအိမ်ဇင်ဖြိုး ဖြစ်ပြီး ညာဘက်လည်ပင်း သေနတ် ကျည် ထိဒဏ်ရာနဲ့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဘီးလင်းမြို့မှာ စစ်ကောင်စီတပ်တွေ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကျေးရွာတချို့က နေရပ်မပြန်ရဲဘဲ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024