Home
နိုင်ငံတကာ
ရုရှားရုပ်သံသတင်းထောက်ဟောင်း ရွေးကောက်ပွဲဝင်ရန် ကြိုးပမ်းမှု ပယ်ချခံရ
DVB
·
December 24, 2023
USSIA-ELECTION-DUNTSOVA_24122023

ရုရှားရုပ်သံသတင်းထောက်ဟောင်း ယက်ခေးတာရီးနာ ဒန့်စ်ဆိုဗာဟာ သမ္မတလောင်းအဖြစ် စာရင်းသွင်းဖို့ လျှောက်ထားရာမှာ အမှားအယွင်းတွေရှိခဲ့လို့ လာမယ့် မတ်လ ရွေးကောက်ပွဲမှာ သမ္မတ ဗလာဒီမာပူတင်ကို ယှဉ်ပြိုင်အရွေးခံဖို့အရေး ဒီဇင်ဘာ ၂၃ ရက်မှာ တားမြစ်ခံခဲ့ရပါတယ်။

ဗဟို ရွေးကောက်ပွဲ ကော်မရှင်အစည်းအဝေးကထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ အဖွဲ့ဝင်တွေက သူ့ရဲ့ ကိုယ်စားလှယ်လောင်း လျှောက်လွှာကို ပယ်ချဖို့ တညီတညွတ်တည်း မဲပေးခဲ့ကြတာကို ပြသခဲ့ပါတယ်။

အသက် ၄၀ အရွယ် ဒန့်စ်ဆိုဗာက သူ့ရဲ့ လျှောက်ထားချက်အတွက် သက်ဆိုင်ရာ စာရွက်စာတမ်းတွေကို ကော်မရှင်ဆီ တင်ပြပြီး သုံးရက်အကြာမှာ ခု ရုပ်သံထွက်လာတာပါ။

ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး လမ်းကြောင်းကနေ ရွေးကောက်ပွဲပြိုင်ဖို့ သူက စီစဉ်ခဲ့တာပါ။

ယူကရိန်းစစ်ပွဲစတင်ပြီးနောက်ပိုင်း ပထမဆုံး ကျင်းပတဲ့ ရွေးကောက်ပွဲမှာ စစ်မှန်တဲ့ အတိုက်အခံအမြင်ရှိသူ ဘယ်သူမှ  သမ္မတပူတင်ကို  ဆန့်ကျင် ရပ်တည်ခွင့်ပြုမှာ မဟုတ်တဲ့ အထောက်အထားအဖြစ် ခုဖြစ်ရပ်ကို ဝေဖန်သူတွေက သုံးသပ်ခဲ့ပါတယ်။

ဒီရွေးကောက်ပွဲဟာလည်း ဖြစ်နိုင်ခြေ ရလဒ်တစ်ခုသာရှိတဲ့ လုပ်ငန်းစဉ်အတုတစ်ရပ်အဖြစ် သူတို့က ရှုမြင်ထားပါတယ်။

သဘောထား စစ်တမ်းမှာ ထောက်ခံသူ ၈၀ ရာခိုင်နှုန်းလောက်ရှိတာကို ပြရင်း လူ့အဖွဲ့အစည်း တရပ်လုံးက စစ်မှန်တဲ့ထောက်ခံမှုကို ခံစားနေရလို့ ရွေးကောက်ပွဲမှာ ပူတင် အနိုင်ရမယ်လို့ ကရင်မလင်နန်းတော်က ပြောခဲ့ပါတယ်။

Source/Photo - REUTERS/Maxim Shemetov

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024