ယူကရိန်းတောင်ပိုင်း စစ်မျက်နှာမှာ ယူကရိန်းတပ်တွေက ရုရှားရဲ့ Su-34 တိုက်လေယာဉ် ၃ စင်းကို ဒီဇင်ဘာ ၂၂ ရက်မှာ ပစ်ချခဲ့ပြီး ဒါဟာ ၂၂ လကြာ စစ်ပွဲမှာ အောင်မြင်မှုအဖြစ် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးနဲ့ စစ်ဘက်အရာရှိတွေက ချီးကျူးပြောဆိုခဲ့ပါတယ်။
ရုရှားစစ်တပ်ကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီးသတင်းထုတ်ပြန်တာမရှိပေးမဲ့ ရုရှား ဘလော့ဂါတွေကတော့ တိုက်လေယာဉ်တွေ ဆုံးရှုံးမှုကို အသိအမှတ်ပြုခဲ့ကြပါတယ်။
အမေရိကန်က ထောက်ပံ့ ပေးတဲ့ ပက်ထရီရော့ ဒုံးကျည်တွေကို သုံးခဲ့တာ ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
ဇလန်းစကီးကတော့ ခါဆွန် ဒေသထဲက လေယာဉ်တွေကို ပစ်ချတာအတွက် ဩဒက်ဆာဒေသက လေယာဉ် ပစ်ချရေးတပ်ဖွဲ့ကို ညဘက်ပြောတဲ့ ဗီဒီယိုမိန့်ခွန်းမှာ ချီးကျူးခဲ့ပါတယ်။ ရုရှားက ဖေဖော်ဝါရီ ၂၀၂၂ မှာစတဲ့ ကျူးကျော်စစ်ပွဲအတွင်း ပထမရက် တွေမှာကတည်းက အဲဒီဒေသကို သိမ်းပိုက်ခဲ့တာပါ။
ယူကရိန်းတပ်ဖွဲ့တွေက နယ်မြေပြန်လည်ရရှိရေး အတွက် ကြိုးပမ်းခဲ့ပြီး နိုဝင်ဘာလမှာတော့ ခါဆွန်ဒေသက ဒနစ်ပရိုမြစ်ရဲ့ အရှေ့ဘက်ကမ်းမှာ တပ်စွဲခဲ့ပါတယ်။
ယူကရိန်းအစိုးရဟာ ဒနစ်ပရိုမြစ်ရဲ့ အနောက်ဘက်ကမ်းကနေ အမြင့်က ပစ်မှတ်တွေကို မိုင် ၁၀၀ အကွာကနေ ပစ်နိုင်တဲ့ ပက်ထရီရော့ ဒုံးကျည်တွေကို ပစ်လွှတ်ခဲ့နိုင်လို့ ယူကရိန်း ပြောတာ ဖြစ်နိုင်တယ်လို့ ရုရှားအခြေစိုက် ယူရေးရှားဒေးလီးသတင်းစာမှာ ရေးသားဖော်ပြပါတယ်။
Source/Photo - Reuters/SERGEI KARPUKHIN