အဝိုင်းခံထားရတဲ့ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ဆက်ပြီး ထိုးစစ်ဆင်နေချိန်မှာ ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းတွေနဲ့အတူ သွေးစည်းညီညွတ်ကြောင်းပြသတဲ့ အနေနဲ့ ထောင်သောင်းချီတဲ့ ဆန္ဒပြသူတွေဟာ ယီမင်မြို့တော် ဆာနာမှာ ဒီဇင်ဘာ ၂၂ ရက်က စုဝေးခဲ့ကြပါတယ်။
ဆာနာမြို့တော် တောင်ပိုင်းက စာဘင်းရင်ပြင်မှာ ဆန္ဒပြသူတွေဟာ ပါလက်စတိုင်း အလံတွေကို ဝှေ့ယမ်းရင်း ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြပါတယ်။
၂၀၁၄ ခုနှစ်နှောင်းပိုင်းကတည်းက မြို့တော်ဆာနာအပါအဝင် ယီမင်နိုင်ငံအနောက်မြောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ အီရန်-မဟာမိတ် ဟူသီ လှုပ်ရှားမှုအဖွဲ့က ဒီဆန္ဒပြပွဲကို စီစဉ်ခဲ့တာဖြစ်ပါတယ်။
Source/Photo - REUTERS/Khaled Abdullah