စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စု၊ မီးရှို့ခံကျေးရွာတွေထဲက အိမ်ခြေ ၂၆၀ အတွက် စောင်တွေလှူဒါန်းပေးခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ဆီက သိရပါတယ်။
ဒီဇင်ဘာ ၂၃ ရက်နေ့မှာ လှူဒါန်းခဲ့တာဖြစ်ပြီး စောင်တထည် ၂၆,၀၀၀ နှုန်းနဲ့ ၆,၇၆၀,၀၀၀ ကုန်ကျခဲ့တယ်လို့ သိရပါတယ်။
ညောင်ပင်ကြီးကျေးရွာအုပ်စုမှာ မီးရှို့ခံအိမ်ခြေ ၆၅၀ ကျော်ရှိပြီး ၄၉၂ အိမ်အတွက် အညာပစ်တိုင်းထောင်လေးများအဖွဲ့က စောင်များလှူဒါန်းပေးထားတယ်လို့ သိရပါတယ်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့တာဝန်ရှိသူက “ညောင်ပင်ကြီးဒေသ မီးရှို့ခံအိမ် ၆၅၀ ကျော်မှာ အခုလှူပေးတာက တတိယအကြိမ်ပါ။ ဆားလင်းကြီးမှာ အရင်နှစ်ထက် ဒီနှစ်ဆောင်းက ပိုအေးတယ်” လို့ ပြောပါတယ်။
ဆားလင်းကြီးမြို့နယ်ထဲက မီးရှိ့ခံစစ်ဘေးရှောင်ပြည်သူတွေဟာ ဆောင်းတွင်းကာလ စောင်၊ အနွေးထည်၊ အမိုးအကာအပြင် တခြားလိုအပ်ချက်များစွာရှိနေတယ်လို့ သိရပါတယ်။