ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ပရိသတ်တွေကို နှုတ်မဆက်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်အပေါ် နည်းပြတန်ဟတ်ဂ်က ကာကွယ် ပြောသွားပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှာ ၄ ပွဲ ဆက်တိုက် အရန်ခုံထိုင်ခဲ့ရပြီး ပွဲချိန် ၅၇ မိနစ်ရောက်မှ လူစားဝင်ကစားခဲ့တာပါ။
ရက်ရှ်ဖို့ဒ်ဟာ ကစားခွင့်ရတဲ့ ပွဲချိန်မိနစ် ၃၀ ကျော်အတွင်းမှာ ဂိုးပေါက်ကန်ချက် တစ်ကြိမ်ပဲ ရှိခဲ့ပြီး ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့ပါဘူး။
ပွဲအပြီးမှာလည်း အဝေးကွင်းအထိ လာရောက်အားပေးကြတဲ့ မန်ယူပရိသတ်တွေကို နှုတ်မဆက်ဘဲ အဝတ်လဲခန်းထဲ တိုက်ရိုက်ဝင်သွားခဲ့တာပါ။
မန်ယူနည်းပြ တန်ဟတ်ဂ်ကတော့ ရက်ရှ်ဖို့ဒ်အနေနဲ့ ပရိသတ်တွေကို နှုတ်ဆက်ခြင်း မပြုခဲ့ဘူးလားဆိုတာ မကြည့်မိကြောင်းနဲ့ သေချာမသိရှိကြောင်း ပြောပါတယ်။
မနှစ်ကရာသီမှာ ပြိုင်ပွဲစုံ ဂိုးပေါင်း ၃၀ သွင်းခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ အခုနှစ်ရာသီမှာ သွင်းဂိုး ၂ ဂိုးသာ ရရှိထားပြီး ဟွိုက်လန်းနဲ့ အန်တိုနီတို့ဟာလည်း လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်မှာ သွင်းဂိုးနဲ့ ဂိုးပါဝင်ပတ်သက်မှု မရှိသေးတာ ဖြစ်ပါတယ်။
Photo-Reuters