ရုရှားဟာ သူ့ပိုင်ဆိုင်မှုတွေကို သိမ်းယူတဲ့ ဘယ်နိုင်ငံကိုမျှ ငြိမ်းငြိမ်းချမ်းချမ်း ထားမှာမဟုတ်ဘူးလို့ ကရင်မလင်နန်းတော်က ဒီဇင်ဘာ ၂၂ ရက်မှာ ပြောကြားလိုက်ပြီး ဒီလိုအခြေအနေမျိုးမှာ လက်တုံ့ပြန်တဲ့အနေနဲ့ အနောက်နိုင်ငံတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူနိုင်တယ်ဆိုတာကို တွေ့မြင်ရမယ်လို့ ဆိုပါတယ်။
တချို့နိုင်ငံရေးသမားတွေက သိမ်းဆည်းထိန်းချုပ်ထားတဲ့ ရုရှား ပိုင်ဆိုင်မှုတွေကို ယူကရိန်းဆီ ဒေါ်လာ ၃၀၀ ဘီလီယံ လွှဲပြောင်းပေးမယ်လို့ အကြံပြုထားကြတဲ့ အနောက်နိုင်ငံတွေမှာ တက်တက်ကြွကြွ ဆွေးနွေးနေကြတဲ့ အယူအဆအပေါ် ကရင်မလင်က မှတ်ချက်ပေးလိုက်တာ ဖြစ်ပါတယ်။
ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စ်ကို့ဗ်က “ဒီအကြောင်းအရာက ရုရှားအတွက် လက်မခံနိုင်စရာဖြစ်ပြီး ဒါကိုမှ အကောင်အထည်ဖော်မယ်ဆိုရင် ကမ္ဘာ့ဘဏ္ဍာရေးစနစ်တခုလုံးကို ဆိုးဆိုးရွားရွား ထိခိုက်နိုင်တာကြောင့် ကမ္ဘာ့ဘဏ္ဍာရေးစနစ်အတွက် အလွန်အန္တရာယ်များပါတယ်” လို့ ပြောပါတယ်။
ရုရှားနိုင်ငံဟာ တရားရုံးတွေမှာ သူ့အခွင့်အရေးတွေကို ဥပဒေအရ ကာကွယ်သွားမှာဖြစ်ပြီး တခြားနည်းလမ်းတွေနဲ့လည်း ချက်ချင်းတုံ့ပြန်ပြီး သဘာဝကျကျ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
Source/Photo-Reuters