ဂိုးသမား အိုနားနားဟာ အာဖရိကဖလားပွဲ သွားကစားရမှာ ဖြစ်ပေမဲ့ အရန်ဂိုးသမားနှစ်ယောက် အပေါ်မှာလည်း ယုံကြည်မှုရှိတယ်လို့ မန်ယူနည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
ကင်မရွန်း ဂိုးသမားဟာ လာမယ့် ဇန်နဝါရီ ၁၄ ရက်မှာကစားမယ့် အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဗိုလ်လုပွဲအထိ ရောက်ခဲ့မယ်ဆိုရင် ပွဲစဉ် ၆ ပွဲလောက် လွဲချော်ဖို့ရှိတာပါ။
အိုနားနား မရှိချိန်မှာ အရန်ဂိုးသား ဘေရင်ဒါနဲ့ တွန်ဟီတန်တို့ နှစ်ဦးကို အစားဝင်ဖြည့်နိုင်မှာဖြစ်ပြီး သူတို့နှစ်ဦးအပေါ် ယုံကြည်မှုရှိတာကြောင့် စိတ်ပူစရာမရှိကြောင်း နည်းပြ တန်ဟတ်ဂ်က ပြောပါတယ်။
အသက် ၂၅ နှစ်ရှိပြီး အရပ် ၆ ပေခွဲရှိတဲ့ တူရကီ လက်ရွေးစင်ဂိုးသမား ဘေရင်ဒါဟာ ဖီနာဘာချီအသင်းမှာ ပွဲပေါင်း ၁၄၅ ပွဲ ကစားခဲ့ပြီး အခုနှစ်ရာသီအတွက် မန်ယူအသင်းက ခေါ်ယူခဲ့တာပါ။
အသက် ၃၇ ရှိ တွန်ဟီတန် ကတော့ ၂၀၂၁ ခုနှစ်ကတည်းက မန်ယူအသင်းကို ရောက်ရှိနေတာဖြစ်ပြီး ၃ ပွဲသာ ကစားခွင့် ရရှိထားပါတယ်။
Photo-Reuters