Home
အားကစား
မန်စီးတီးအနိုင်ရခဲ့သည့် ကမ္ဘာ့ကလပ်ဖလား ဗိုလ်လုပွဲအပြီး ရန်ပွဲကိစ္စ နောက်ခံလူ မယ်လို ရှင်းလင်း 
DVB
·
December 23, 2023
Felipe Melo-23122023

ကမ္ဘာ့ကလပ်အသင်းများ ဗိုလ်လုပွဲအပြီး ရန်ပွဲက မန်စီးတီးကစားသမား ဂရေးလစ်ရှ်ကနေ စတင်တာဖြစ်ကြောင်း ဘရာဇီးကလပ် ဖလူမင်နိစ်အသင်း နောက်ခံလူ မယ်လိုက  ရှင်းလင်း ပြောကြားလိုက်ပါတယ်။

အသက် ၄၀ ရှိ ဂျူဗင်တပ်နဲ့ အင်တာမီလန်ကစားသမားဟောင်းဟာ ပွဲအပြီးမှာ ဂရေးလစ်ရှ်ဆီကို ပြေးပြီး ခိုက်ရန်ဖြစ်ဖို့ လုပ်ဆောင်ခဲ့ပေမဲ့ စီးတီးနောက်ခံလူ ဝေါ်ကာက တားဆီးခဲ့တာပါ။

ရုပ်သံပြကွက်တွေနဲ့ မီဒီယာတချို့ရဲ့ ရေးသားမှုအရ မယ်လိုက စတင်တိုက်ခိုက်ဖို့ လုပ်ဆောင်ခဲ့တာလို့ ဖော်ပြခဲ့ကြပြီး အဲဒီအပေါ်မှာ မယ်လိုက ပြန်လည်ရှင်းလင်းခဲ့တာပါ။

ဂရေးလစ်ရှင်ဟာ ပွဲအပြီးမှာ ဖလူမင်နိစ် ပရိသတ်တွေကို အော်ဟစ် လှောင်ပြောင်ခဲ့တာဖြစ်ကြောင်း၊ ပရိသတ်တွေဘက်က အော်ဟစ်လှောင်ပြောင်နိုင်ပေမဲ့ ကွင်းထဲက ကစားသမားတွေဘက်က လေးစားမှုထားရမှာဖြစ်ကြောင်း မယ်လိုက ပြောပါတယ်။

ဒီပွဲမှာ မန်စီးတီးအသင်းဟာ ဖလူမင်နိစ် အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ကမ္ဘာ့ကလပ် ချန်ပီယံဆုဖလားကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့ပါတယ်။ 

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013