Home
မြန်မာသတင်း
မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာ  ၃ ရွာကို မီးရှို့ ဖျက်ဆီး 
DVB
·
December 21, 2023
Mattaya destroyedby SAC_21122023

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဘိုးကြီးကျွန်း၊ ဒေါင်းကျွန်းနဲ့ ရွှေဘောင်ရွာတွေကို စစ်ကောင်စီတပ်စစ်ကြောင်းက ဒီဇင်ဘာ ၂၀ ရက် မနက် ၈ နာရီကနေ ၁၀ နာရီလောက်အထိ ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒါ့အပြင် စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့်  စိန်ပန်းကုန်းကျေးရွာက နေအိမ်တလုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ 

မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံ ကိုဘိုတောက်က “စစ်တပ်စစ်ကြောင်းက ဒီနေ့မနက် သုံးနာရီလောက်ကစပြီး ရေကြောင်းရော မြေပြင်ကပါ ခြေလျင်နဲ့ စစ်ကြောင်းထိုးလာတာပါ။ အိမ်တွေကိုလည်း မီးရှို့သွားတယ်။ နယ်မြေရှင်းလင်းရေးဝင်တဲ့ သဘောပါပဲ" လို့ ပြောပါတယ်။

မတ္တရာမြို့နယ်ထဲကို အင်အား ၁၀၀ လောက်ရှိ စစ်ကောင်စီစစ်ကြောင်း ကျေးရွာတွေထဲကို လက်နက်ကြီးတွေပစ်ပြီး ဝင်ရောက်ခဲ့တာကြောင့်  ဆူးလေကုန်း၊ ဘိုကုန်း၊ ရွှေဘောင်၊ သဖန်းဒေါင့်၊ ငယ်တိုး၊ ရွှေဘိုးကြီးရွာ၊ ရွှေဘိုးကြီးကျွန်း၊ ဟင်္သာကုန်း၊ ဟင်္သာရွာသစ်၊ ဒေါင်းကျွန်း၊ စုပေါင်းကျွန်း၊ သနပ်ကုန်း စတဲ့ကျေးရွာတွေက ဒေသခံတွေ တိမ်းရှောင်နေရပါတယ်။ 

ကိုဘိုတောက်က “နေအိမ်တွေ ပျက်စီးဆုံးရှုံးမှုအခြေအနေကို မသိရသေးပါဘူး။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးရှို့ခံရတာပါ။ စကစ မီးရှို့ပြီး အပြန်မှာလည်း မဟာမိတ်တပ်ပေါင်းစုတွေနဲ့ တိုက်ခိုက်လိုက်ပါသေးတယ်” လို့ ပြောပါတယ်။ 

မတ္တရာမြို့နယ်ထဲက စစ်တပ် မီးရှို့လို့ ပျက်စီးတဲ့ နေအိမ်အရေအတွက်ကို အတည်မပြုနိုင်သေးသလို တိုက်ပွဲနဲ့ပတ်သက်ပြီး နှစ်ဖက်သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024