စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မရဲစခန်းက ရဲတပ်သားတယောက် ဒီဇင်ဘာ ၂၁ ရက် က လက်နက်နဲ့ အလင်းဝင်ရောက်လာတယ်လို့ သမန်းကျား ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
ဒီမနက် ၃ နာရီခွဲမှာ ဆားလင်းကြီးမြို့မရဲစခန်းက ရဲတပ်သားအေးမင်း (ခ) မှုံကြီး၊ ကိုယ်ပိုင်အမှတ် ကလ-၂၉၇၉၃၂ က သမန်းကျား ပြောက်ကျားတပ်ဖွဲ့ဆီ အလင်းဝင်ရောက်လာတာ ဖြစ်ပါတယ်။
သူနဲ့အတူ G3 သေနတ်တလက်၊ ကျည်ဘောက် ၄ ခုနဲ့ G3 ကျည်အတောင့် ၂၀၀ ပါလာတာ ဖြစ်ပါတယ်။
သမန်းကျား ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မဲကြီးက “သူ့ကို ကျနော်တို့ ဆုငွေ သိန်း ၅၀ ချီးမြှင့်မှာပါ။ အခုထိတော့ အလှူခံနေတုန်းပါပဲ။ သူက စခန်းထဲမှာတုန်းက အနိုင်ကျင့် ဗိုလ်ကျခံရတာတွေရှိလို့ ကျနော်တို့နဲ့ပေါင်းပြီး ဟိုကောင်တွေကို ပြန်တိုက်ဦးမှာတဲ့”လို့ ပြောပါတယ်။
ရဲတပ်သား မှုံကြီးဟာ မကွေးတိုင်း စကုမြို့ဇာတိဖြစ်ပြီး ရဲတပ်ဖွဲ့ထဲ ဝင်ရောက်တာ ၁ နှစ်ကျော်ရှိပြီလို့ သိရပါတယ်။