Home
နိုင်ငံတကာ
ဘရာဇီးအကျဉ်းထောင် လုံခြုံရေးကင်းလှည့်ရန် ဘဲငန်းများကို တာဝန်ပေး
DVB
·
December 21, 2023
Brazil_21122023

ဘရာဇီးနိုင်ငံတောင်ပိုင်း ဆန်တာ ကာတာရီနာပြည်နယ်ရှိ အကျဉ်းထောင်တခုရဲ့ ပတ်ပတ်လည်မှာ ထောင်ဖောက်ပြေးတဲ့ အမှုတွေအတွက် အကျဉ်းသားတွေကို လွတ်ထွက်မသွားအောင် ဘဲငန်းတွေကို ကင်းလှည့်တပ်ဖွဲ့အသွင် တာဝန်ချထားကြောင်း အကျဉ်းထောင်အရာရှိတွေက ပြောပါတယ်။

ဆောင်ပေဒရိုဒီအလ်ကန်တာရာမြို့ရှိ အကျဉ်းထောင်ရဲ့ အတွင်းတံတိုင်းနဲ့ ပင်မအပြင်ဘက် နံရံကြားရှိ စိမ်းလန်းတဲ့ နေရာအကြား လှည့်ပတ်သွားလာနေတဲ့ ဘဲငန်းအေးဂျင့်တွေရဲ့ နိုးနိုးကြားကြားရှိမှုက ကင်းလှည့်ခွေးတွေထက်တောင် စောင့်ရှောက်မှု ပိုပြီးကောင်းနေသေးတယ်လို့ အကျဉ်းထောင်ဝန်ထမ်းတွေက ပြောပါတယ်။

ပီယူ ပီယူ လို့ နာမည်ပေးထားတဲ့ ဘဲငန်းက အကျဉ်းထောင်ခြံဝင်းတွင်း ကင်းလှည့်မှုမှာ သူ့တပ်ဖွဲ့ကို ဦးဆောင်ကြီးကြပ်သူ ဖြစ်ပါတယ်။ အရာရှိတွေက သူ့နာမည်ကို ခေါ်လိုက်ရင် ထူးထူးခြားခြား ပြန်ထူးတတ်ပါတယ်။

ဒီအကျဉ်းထောင်မှာက စီစီတီဗီတွေကနေ အီလက်ထရွန်းနစ် စောင့်ကြည့်တာ၊ ဝန်ထမ်းတွေကိုယ်တိုင် ရုပ်ပိုင်းဆိုင်ရာ စောင့်ကြည့်တာ၊ နံရံတံတိုင်းတွေပေါ်က ရာဇဝတ်ရဲတွေနဲ့ အစောင့်တွေက စောင့်ကြည့်တာနဲ့ အခုနောက်ဆုံး ခွေးတွေနေရာမှာ အစားထိုးလိုက်တဲ့ ဒီဘဲငန်းတွေရဲ့ စောင့်ကြည့်တာဆိုပြီး အမျိုးမျိုးလုပ်ထားကြောင်း အကျဉ်းထောင် ဒါရိုက်တာ မားကို့စ် ရောဘတ်တို ဒီဆိုဇာက ရှင်းပြပါတယ်။

အကျဉ်းထောင်ယူနစ်ရဲ့ ဘေးကင်းမှုအရ ခွေးတွေထက် ဘဲငန်းတွေကို မွေးမြူထားရတာက အကျိုးအမြတ်ပိုရှိပြီး အလုပ်လည်းပိုဖြစ်တယ်လို့ ဆိုပါတယ်။

အကျဉ်းထောင်ရဲ့ တည်နေရာဟာ ညအချိန်မှာ အရမ်းတိတ်ဆိတ်တတ်တာကြောင့် ငန်းအုပ်တွေနဲ့ လုံခြုံရေးအမျိုးအစားက သင့်လျော်တယ်လို့ ထင်မြင်ယူဆကြောင်းလည်း ဆိုပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024