ပြီးခဲ့တဲ့အပတ်က ပွဲရွှေ့ဆိုင်းခဲ့ရတဲ့ ဘုန်းမောက်နဲ့ လူတန်တို့ရဲ့ပွဲစဉ်ကို ပွဲချိန်ပြည့် ပြန်ကစားစေမယ်လို့ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေဘက်က အတည်ပြုသွားပါတယ်။
အဲဒီပွဲစဉ်မှာ လူတန်နောက်ခံလူ လော့ခ်ယာက နှလုံးဖောက်ပြီ လဲကျခဲ့တာကြောင့် ပွဲချိန် ၅၉ မိနစ်မှာ ရပ်နားခဲ့ရတာပါ။
အဲဒီပွဲစဉ်မှာ တစ်ဂိုးစီ သရေရလဒ်နဲ့ ရပ်နားပြီး ပွဲရွှေ့ခဲ့တာဖြစ်ပေမဲ့ ပွဲချိန်ပြည့် ပြန်ကစားစေမှာဖြစ်ပြီး ကစားမယ့် နေ့ရက်နဲ့အချိန်ကို ထပ်မံထုတ်ပြန်မှာဖြစ်ကြောင်း ပရီးမီးယားလိဂ်ဘုတ်အဖွဲ့က ထုတ်ပြန်ပါတယ်။
လူတန်နောက်ခံလူ လော့ခ်ယာဟာ အရေးပေါ်ဆေးရုံတက်ခဲ့ရပေမဲ့ လက်ရှိအချိန်မှာ ပြန်လည် သက်သာလာပြီ ဖြစ်ပါတယ်။
Photo - REUTERS/Toby Melville/File photo