မနေ့ညက ယှဉ်ပြိုင်ကစားသွားတဲ့ EFL ကရာဘောင်ဖလား ကွာတားဖိုင်နယ်လက်ကျန်ပွဲစဉ်မှာ လီဗာပူးအသင်းက ဝက်စ်ဟမ်းကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပါတယ်။
လီဗာပူး ပွဲထွက်လူစာရင်းမှာ ဆာလာ၊ ဒီယက်ဇ်နဲ့ အာနိုးလ်တို့ မပါဝင်ခဲ့ပေမဲ့ ဂတ်ပို၊ နူညက်ဇ်တို့ တိုက်စစ်အတွဲနဲ့ ပွဲထွက်ခဲ့တာပါ။
ပွဲချိန် ၂၈ မိနစ်မှာ ဆော့ဘိုစလိုင်းက လီဗာပူးအတွက် ဦးဆောင်ဂိုးသွင်းခဲ့ပြီး ဒုတိယပိုင်းမှာ ကာတစ်ဂျုံးစ်က ၂ ဂိုး၊ ဂတ်ပိုက ၁ ဂိုး၊ လူစားဝင်ကစားသမား ဆာလာက တစ်ဂိုး သွင်းယူခဲ့တာပါ။
ဝက်စ်ဟမ်းအသင်းက ပွဲချိန် ၇၇ မိနစ်မှာ ဘိုဝင်က ချေပဂိုးတစ်ဂိုး ပြန်ရခဲ့ပေမဲ့ လီဗာပူးအသင်းရဲ့ ခြေစွမ်းကို အဘက်ဘက်ကနေ မယှဉ်နိုင်ခဲ့ဘဲ ပွဲအပြီးမှာ ၅ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။
ဒီပွဲမှာ ဝက်စ်ဟမ်းက ကန်သွင်းချက် နှစ်ကြိမ်သာရပြီး လီဗာပူးအသင်းက ၂၉ ကြိမ်အထိ ဂိုးပေါက်ကန်သွင်းချက်ရှိခဲ့တာ ဖြစ်ပါတယ်။
ဆီမီးဖိုင်နယ် တက်ရောက်သွားတဲ့ လီဗာပူးအသင်းဟာ ဖူဟမ်အသင်းနဲ့ လာမယ့်နှစ် ဇန်နဝါရီ ၈ ရက်နေ့မှာ ပထမအကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
Photo - REUTERS/Molly Darlington