Home
မြန်မာသတင်း
နေပြည်တော်တွင် စက်သုံးဆီ တန်းစီ ဝယ်ယူနေရဆဲ
DVB
·
December 18, 2023
Nay 18122023

နေပြည်တော်ကောင်စီနယ်မြေမှာ  စက်သုံးဆီဝယ်ယူရ လွယ်ကူလာပြီလို့ ပြောနေပေမဲ့  ဒီဇင်ဘာ ၁၈ ရက် လက်ရှိအချိန်အထိ ဆီဆိုင်တွေမှာ အများပြည်သူတွေ တန်းစီပြီးဝယ်ယူနေရဆဲပဲလို့ ဒေသခံတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေက  92 နဲ့ 95  စက်သုံးဆီကို ဓာတ်ဆီဆိုင်တွေမှာ ဝယ်ယူဖို့ ခက်ခဲခဲ့ပြီး   ၁ လီတာကို ပြင်ပပေါက်ဈေး ကျပ် ၆၀၀၀ လောက်အထိ ပေးဝယ်ခဲ့ရတာပါ။

အခုလက်ရှိမှာတော့ နေပြည်တော်မှာ 92 ၁ လီတာကို ၂၄၈၅ ကျပ် လောက်နဲ့  ဆီပန့်ကြီး တွေမှာလည်း လိုသလောက်ဝယ်ယူလို့ရနေပြီဖြစ်လို့  အရင်လောက်မခက်ခဲတော့ပေမဲ့ တန်းစီစနစ်နဲ့တော့ ဝယ်ယူနေရဆဲဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဓာတ်ဆီအမျိုးအစားဖြစ်တဲ့ 92 နဲ့ 95 ကို ဝယ်ယူရ လွယ်ကူလာပြီဖြစ်ပေမဲ့ ပရီမီယံဒီဇယ်နဲ့ ရိုးရိုးဒီဇယ်ကတော့ နေပြည်တော်ကို ဝင်ရောက်မှု နည်းပါးနေဆဲဖြစ်ပြီး ဝယ်ယူရခက်ခဲတယ်လို့ လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024