လီဗာပူးအသင်းကို ဂိုးမရှိသရေ ကစားနိုင်ခဲ့တဲ့ မန်ယူအသင်း ကစားသမားတွေအတွက် ဂုဏ်ယူကြောင်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ ဒဏ်ရာနဲ့ ပွဲပယ်ပြဿနာတွေ ကြားကနေ လီဗာပူးအသင်းကို အဝေးကွင်းမှာ ဂိုးမရှိသရေ ကစားနိုင်ခဲ့တာပါ။
ပွဲအပြီး အဝတ်လဲခန်းထဲမှာ အသင်းသားတွေရဲ့ စွမ်းဆောင်ရည်အတွက် အလွန်ဂုဏ်ယူကြောင်း ပြောခဲ့တယ်လို့ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
နယူးကာဆယ်နဲ့ပွဲတုန်းကလည်း အမှားတွေလုပ်ခဲ့လို့သာ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ချမှတ်တဲ့ ပွဲအစီအစဉ်အတိုင်း စည်းကမ်းတကျ ကစားနိုင်မယ်ဆိုရင် အခွင့်အရေးတွေ ရနိုင်ကြောင်း နည်းပြ တန်ဟတ်ဂ်က ပြောပါတယ်။
ပွဲမတိုင်ခင်မှာ မနှစ်က ၇ ဂိုးပြတ်ရလဒ်အကြောင်း ပြောခဲ့သလို အဲဒီနှစ်ကပဲ လီဗာပူးနဲ့ သုံးကြိမ်ကစားခဲ့ရာမှာ နှစ်ကြိမ်အနိုင်ရခဲ့တာကိုလည်း ပြောပြခဲ့ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
မန်ယူအသင်းဟာ သရေပွဲရခဲ့ပေမဲ့ အမှတ်ပေးဇယားမှာ အဆင့် ၄ က မန်စီးတီးနဲ့ ၆ မှတ်အကွာ အဆင့် ၇ မှာ ရပ်တည်နေပါတယ်။
Photo - Reuters