အာဂျင်တီးနားနိုင်ငံ ဗွေနော်ဆိုင်းရက်စ်မြို့တော်မှာ ဒီဇင်ဘာ ၁၆ ရက်နေ့ကစပြီး အင်အားပြင်းတဲ့ လျှပ်စီးမုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့လို့ လူ ၁၃ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ ရိုက်တာ သတင်းမှာဖော်ပြပါတယ်။
သစ်ပင်တွေ မီးတိုင်တွေကျိုးပြီး အမိုးတွေပျက်စီးခဲ့ပါတယ်။ သစ်ပင်လဲကျလို့ ပျက်စီးသွားတဲ့ တက္ကစီယာဉ်မောင်းက သူ့နိုင်ငံအတွက် ခက်ခဲတဲ့ စီးပွားရေးကာလတွေကြားမှာ သူ့မိသားစုကို ကျွေးမွေးဖို့ အခုဘာလုပ်ရမယ်ဆိုတာ မသိဘူးလို့ ပြောပါတယ်။
သမ္မတ ရှာဗီးယားမေလေရဲ့ ရုံးက ထုတ်ပြန်ချက်ထဲမှာ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေအတွက် ဝမ်းနည်းကြောင်းပြောခဲ့ပြီး ဒေသခံတွေအနေနဲ့ ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်းအထိ အိမ်တွေထဲမှာ ဆက်နေကြဖို့ အကြံပြုထားပါတယ်။
Source/Photo - Reuters