Home
မြန်မာသတင်း
ရွှေပြည်သာတွင် အမျိုးသား ၁ ဦး ရထားကြိတ်ခံရပြီး သေဆုံး
DVB
·
December 17, 2023
DB_17122023

ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ ဒညင်းကုန်းဘူတာနဲ့ စက်မှုဇုန်ဘူတာကြားက ရထားလမ်းမှာ ဒီဇင်ဘာ ၁၆ ရက် ည ၇ နာရီခွဲလောက်က အမျိုးသား ၁ ဦး ရထားကြိတ်ခံရပြီး သေဆုံးနေတာ တွေ့ရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

သေဆုံးသူဟာ ရွှေပြည်သာမြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသား ၁ ဦးဖြစ်ပြီး နေအိမ်က ညနေပိုင်း အပြင်ထွက်သွားရာမှ ရထားကြိတ်ခံရတဲ့ဒဏ်ရာနဲ့ သေဆုံးနေခဲ့တာ ဖြစ်ပါတယ်။

လူတိုက်မိသွားတဲ့ ရထားဟာ ဒညင်းကုန်းဘူတာကနေ လှော်ကားဘူတာဘက်ကို ထွက်ခွာလာတဲ့ ည ၇ နာရီ ရထားဖြစ်ပြီး တိုက်မိတဲ့‌ နေရာဟာ စက်မှုဇုန်ဘူတာနဲ့ ပိုနီးတယ်လို့ သိရပါတယ်။

ပြန်လည်ရှင်သန်ရေး သွေးပရဟိတအသင်းတာဝန်ရှိသူက “သေဆုံးသူက အသက် ၂၇ နှစ်၊ အမျိုးသား ၁ ဦးပါ။ သူက ခရီးသွားတာကနေ ပြန်ရောက်တာ မကြာသေးဘူးလို့ ပြောတယ်။ မိသားစုနဲ့တော့ အဆက်အသွယ်ရပြီ။ DB ကို အင်းစိန်ဆေးရုံကြီး ပို့ပေးထားပါတယ်” လို့ ပြောပါတယ်။

သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရရှိထားပြီဖြစ်ပြီး ရုပ်အလောင်းကို ပြန်လည်ရှင်သန်ရေးအသင်းကားနဲ့ အင်းစိန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဇူလိုင် ၂၀ ရက် မနက်အစောပိုင်းကလည်း ရန်ကုန်၊ လှိုင်မြို့နယ်၊ ကမာရွတ်ဘူတာရှိ သံလမ်းမှာ အသက် ၆၀ အရွယ် အမျိုးသား ၁ ဦး ရထားကြိတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024