အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်ဟာ ဒီဇင်ဘာ ၁၆ ရက်မှာ အရှေ့အလယ်ပိုင်း ဒေသဆီကို ရက်ရှည်ခရီးစဉ်နဲ့ ထွက်ခွာခဲ့ပါတယ်။
အော်စတင်ဟာ လာမယ့်ရက်တွေအတွင်း အစ္စရေးမှာ အစည်းအဝေးတွေတက်ဖို့ အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီး ချားလ်စ် ကျူ ဘရောင်းနဲ့အတူ ပူးပေါင်းမှာပါ။
အရင်က တွစ်တာလို့ လူသိများပြီး အခု X လို့ နာမည်ပြောင်းထားတဲ့ လူမှုမီဒီယာ ပို့စ်တခုမှာ အော်စတင်က ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေး ခိုင်မာစေဖို့ အမေရိကန်ရဲ့ ကတိကဝတ်တွေ ကို မီးမောင်းထိုးပြမယ်လို့ ပြောခဲ့ပါတယ်။
အော်စတင်ဟာ ကာတာနဲ့ ဘာရိန်းနိုင်ငံတို့ဆီကိုလည်း သွားရောက်လည်ပတ်ဖို့ မျှော်လင့်ထား ပါတယ်။
Source/Photo - Reuters