ရုရှားက ထိန်းချုပ်ထားတဲ့ ဒန်ညက်စ်မြို့ ဆင်ခြေဖုံးရပ်ကွက်က ရေနံလှောင်ကန်တခု ဒီဇင်ဘာ ၁၆ ရက်က အမြောက်ဆန် ထိမှန်ခဲ့ပြီး မီးလောင်ခဲ့ပါတယ်။
ရုရှားက သိမ်းယူခဲ့အပြီး တကိုယ်တော် ကြွေးကြော်ထားတဲ့ ဒန်ညက်စ် ပြည်သူ့သမ္မတနိုင်ငံရဲ့ မြို့တော် ဒန်ညက်စ်က ရေနံသိုလှောင်ကန်ကို လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဒုတိယ အကြိမ်မြောက် ပစ်ခတ်မှုဖြစ်ပြီး အခုသီတင်းပတ်အတွင်း တတိယအကြိမ်မြောက် လက်နက်ကြီး ပစ်ခတ်မှုလည်း ဖြစ်ပါတယ်။
ရုရှားကျောထောက်နောက်ခံပြု မြို့တော်အာဏာပိုင်တွေက ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မှတ်ချက်တစုံတရာ မပေးသေးသလို ယူကရိန်းဘက်ကလည်း ချက်ခြင်း မတုံ့ပြန်သေးပါဘူး။
ဒီဖြစ်ရပ်ကြောင့် အသေအပျောက် အရေအတွက်ကို သီးခြား အတည်မပြုနိုင်သလို ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာကိုလည်း မဆုံးဖြတ်နိုင်သေးပါဘူး။
ဒန်ညက်စ်ဟာ ယူကရိန်းရဲ့ ဒေသ ၄ ခုထဲက တခုပါ။ ဒန်ညက်စ်မြို့ကို ရုရှားက ၂၀၁၄ ခုနှစ် ကတည်းက ထိန်းချုပ်ထားပေမယ့် ယူကရိန်း တပ်တွေက မြို့ဆင်ခြေဖုံးတွေမှာ နေရာယူထားပြီး အမြောက်တွေနဲ့ ပုံမှန် ပစ်ခတ်နေပါတယ်။
ရုရှားက တစိတ်တပိုင်း သိမ်းပိုက်ပြီး သူ့ ပိုင်နက်နယ်မြေအဖြစ် ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့လို့ ကုလသမဂ္ဂအဖွဲ့ဝင် အများစုက ရှုတ်ချခဲ့ကြပါတယ်။
Source/Photo - Reuters