ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အဓိက အတိုက်အခံပါတီကို ထောက်ခံသူ ထောင်ပေါင်းများစွာဟာ လာမယ့်နှစ် အစောပိုင်းမှာ နိုင်ငံရဲ့ ရွေးကောက်ပွဲမတိုင်မီ အဖမ်းခံရနိုင်တဲ့အရေးကို အံတုပြီး ဒီဇင်ဘာ ၁၆ ရက်က ဒါကာမြို့တော်ရဲ့ လမ်းတွေပေါ်မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) က တက်ကြွလှုပ်ရှားသူတွေနဲ့ ထောက်ခံသူတချို့ဟာ သော့ခတ်ထားတဲ့ ဌာနချုပ်ဝင်ပေါက်ရှေ့မှာ စုရုံးခဲ့ကြပါတယ်။
ပါတီရဲ့ အကြီးတန်း ခေါင်းဆောင် အများစုဟာ ထောင်ထဲမှာ ရောက်နေသလို တချို့ကလည်း ရဲတပ်ဖွဲ့နဲ့ အာဏာရပါတီရဲ့ တရားစွဲဆိုမှု ဒါဇင်ပေါင်းများစွာ ကနေ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဇန်နဝါရီ ၇ ရက်မှာ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေပြီး ၀န်ကြီးချုပ် ရှိတ်ခ်ဟာစီနာကတော့ ၅ ကြိမ်မြောက် သက်တမ်းအတွက် ကြိုးပမ်းနေပါတယ်။
အတိုက်အခံ BNP ပါတီဟာ ကြားဖြတ်အိမ်စောင့်အစိုးရကို ဖွဲ့စည်းဖို့ တောင်းဆိုနေပြီး ရွေးကောက်ပွဲကို သပိတ်မှောက်ထားပေမဲ့ ဝန်ကြီးချုပ် ဒီတောင်းဆိုချက်ကို ငြင်းပယ်ထားပါတယ်။
Source/Photo - Reuters