ဒီဇင်ဘာ ၁၄ ရက်က နေကနေ ရုတ်တရက်ထွက်ပေါ်လာတဲ့ အားပြင်းတဲ့ နေမီးတောက် (Solar flare) တွေဟာ ၂၀၁၇ ခုနှစ် နောက်ပိုင်း အထူးခြားဆုံး နေမီးတောက် ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
နေရဲ့ အနောက်မြောက်ဘက်စွန်းကနေ စပြီး နေပေါက်ကွဲမှု ဖြစ်ခဲ့တာကို အမေရိကန် အမျိုးသား အာကာသသိပ္ပံနာဆာရဲ့ နေရောင်ခြည်စွမ်းအင် စူးစမ်းလေ့လာရေးဌာနက ပြင်းထန်တဲ့ ခရမ်းလွန်ရောင်ခြည်ကိုသုံးပြီး ဖမ်းယူခဲ့ တာပါ။
နေမီးတောက်တွေကနေ ထွက်ပေါ်လာတဲ့ လျှပ်စစ်သံလိုက်လှိုင်းနဲ့ ဓာတ်ဖိုဓာတ်မတို့ အညီအမျှ ပါဝင်တဲ့ ဓာတ်ငွေ့(CMEs) တွေဟာ ကမ္ဘာမြေကို ရိုက်ခတ်နိုင်တဲ့ အလားအလာရှိပြီး ဓာတ်အားလိုင်းတွေနဲ့ တခြားအရေးပါတဲ့ အခြေခံအဆောက်အဦတွေကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ပထဝီသံလိုက်မုန်တိုင်းတွေ အထိ ဖြစ်ပေါ်လာစေခဲ့ပါတယ်။
နေရောင်ခြည်လှုပ်ရှားမှုဟာ ၁၁ နှစ်ကြာ လည်ပတ်နေပြီး အမေရိကန် အမျိုးသား သမုဒ္ဒရာနဲ့ လေထုစီမံခန့်ခွဲရေးရုံး (NOAA) ရဲ့ အဆိုအရ Solar Cycle 25 လို့ ခေါ်တဲ့ လက်ရှိ စက်ဝန်းဟာ ၂၀၁၉ ခုနှစ်မှာ စတင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအတွင်း အထွတ်အထိပ် ဆီရောက်ဖို့ မျှော်မှန်းထားပါတယ်။
Source/Photo - Reuters