Home
မြန်မာသတင်း
ဂန့်ဂေါရှိ တပ်ရင်း ၆ ရင်းအတွက် ပြည်သူလူထုက စစ်အသုံးစရိတ် ကျပ် ၄၅၅ သိန်း ထောက်ပံ့
DVB
·
December 17, 2023
war 17122023

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ် အခြေစိုက် ခရိုင်တပ်ရင်း ၆ ရင်းကို စစ်ဆင်ရေးအသုံး စရိတ်အတွက် ပြည်သူတွေနဲ့ ပကဖ၊ ပအဖအဖွဲ့ဝင်တွေက  ငွေ ကျပ် ၄၅၅ သိန်း ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီဇင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ဂန့်ဂေါမြို့နယ် ကျေးရွာအသီးသီးက ပြည်သူတွေနဲ့ ပကဖ၊ ပအဖအဖွဲ့ဝင်တွေ ထည့်ဝင်ငွေ ကျပ်သိန်း ၂၇၀ ၊ မြို့နယ် ပအဖက ငွေကျပ်သိန်း ၁၀၀ သိန်းနဲ့ မြို့နယ် ပကဖက ၈၅ သိန်း နိုဝင်ဘာ ၂၅ ရက်က အရေးပေါ်ပေးအပ်ခဲ့တာနဲ့  စုစုပေါင်း ငွေကျပ်သိန်း ၄၅၅ သိန်းကို  ပေးအပ်ခဲ့တာပါ။

ဒီငွေတွေကို ဂန့်ဂေါမြို့နယ်ပအဖ၊ ပကဖအဖွဲ့ဝင်တွေက ဒီဇင်ဘာ ၁၃ ရက်မှာ ဂန့်ဂေါ ခရိုင်အမှတ်-၁၊၁၂၊ ၁၄ တပ်ရင်းတို့က တပ်ရင်းမှူးတွေဆီ လွှဲပြောင်းပေးအပ်ခဲ့တာလို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ထောက်ပံ့ငွေကို ပေးအပ်ပြီးနောက် ဂန့်ဂေါမြို့နယ် ပအဖ၊ ပကဖအဖွဲ့ဝင်များ၊ ခရိုင်တပ်ရင်းတွေရဲ့ တပ်ရင်းမှူးတွေက မြို့နယ်အတွင်း ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ရမယ့် အုပ်ချုပ်ရေး၊ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ပြည်ချစ်ဆရာတော်ကလည်း ထောက်ပံ့ခြင်းအခမ်းအနား အဖွင့်ဩဝါဒစကားနဲ့ နိဂုံးချုပ်ဆုံးမစကားတို့ကို မိန့်ကြားခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024