မန်ယူအသင်းကို ဂိုးပြတ်ရလဒ်နဲ့ ထပ်ပြီးအနိုင်ယူချင်ကြောင်း လီဗာပူးတိုက်စစ်မှူး ကိုဒီဂတ်ပို က ပြောသွားပါတယ်။
လီဗာပူးအသင်းဟာ မနှစ်က အမ်ဖီးလ်မှာကစားခဲ့တဲ့ မန်ယူအသင်းနဲ့ပွဲစဉ်မှာ ၇ ဂိုး ဂိုးမရှိနဲ့ မန်ယူကို အနိုင်ရခဲ့တာပါ။
အဲဒီပွဲစဉ်မှာ ဂတ်ပိုက ၂ ဂိုးသွင်းခဲ့ပြီး မနှစ်ကရာသီကလို ရလဒ်မျိုး ထပ်မံရယူချင်ကြောင်း ဂတ်ပိုက ပြောပါတယ်။
အဲဒီအချိန်တုန်းက ဂိုးရလဒ်ထက်စာရင် ကစားသမားအားလုံးက ပွဲကို ထိန်းချုပ်ပြီး အကောင်းဆုံး ခြေစွမ်းပြသချင်ခဲ့ကြတာဖြစ်ပြီး အားလုံးအတွက် ကြီးကျယ်ခမ်းနားတဲ့ ပွဲစဉ်ဖြစ်ခဲ့ကြောင်း၊ အဲဒီလို ရလဒ်ထပ်မံရယူချင်ကြောင်း ဂတ်ပိုကပြော ပါတယ်။
လီဗာပူးအသင်းဟာ တနင်္ဂနွေည ၁၁ နာရီမှာ မန်ယူအသင်းကို အမ်ဖီးလ်ကွင်းမှာ လက်ခံကစားသွားရမှာ ဖြစ်ပါတယ်။
Photo - Reuters