မနေ့ညက ကစားခဲ့တဲ့ ဘုန်းမောက်နဲ့ပွဲစဉ်မှာ နှလုံးရပ်ပြီး ကွင်းထဲလဲကျခဲ့တဲ့ လူတန်အသင်း ခေါင်းဆောင် တွန်လော့ခ်ယာဟာ ပြန်လည်သက်သာလာပြီဖြစ်ပါတယ်။
ဝေးလ်နောက်ခံလူဟာ ဘုန်းမောက်က ချေပဂိုးသွင်းပြီး မကြာခင်မှာ ကွင်းထဲမှာလဲကျသွားခဲ့ပြီး ပွဲကိုရပ်နားခဲ့ရပါတယ်။
အဲဒီနောက် အရေးပေါ်ဆေးရုံတင်ပို့ခဲ့ရပြီး နှစ်ဖက်ကစားသမားတွေဘက်က ပွဲကို ဆက်လက်ကစားလိုစိတ် မရှိတာကြောင့် ပွဲရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။
လော့ခ်ယာဟာအရေးပေါ် ဆေးကုသမူခံယူခဲ့ရပြီးနောက် လက်ရှိအချိန်မှာတော့ ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိလာပြီလို့ လူတန်အသင်းဆေးအဖွဲ့က အတည်ပြုပါတယ်။
အသက် ၂၉ နှစ်ရှိ ဝေးလ်နောက်ခံလူဟာ ပြီးခဲ့တဲ့နှစ်မေလတုန်းက ကိုဗင်ထရီနဲ့ ချန်ပီယံရှစ်ပလေးအော့ဖ်ဗိုလ်လုပွဲမှာလည်း နှလုံးရပ်ပြီး ကွင်းထဲ လဲကျခဲ့ဖူးပါတယ်။
အဲဒီနောက် နှလုံး ခွဲစိတ်မှုပြုလုပ်ခဲ့ရပြီး ဇွန်လမှာ ပြန်လည်ကောင်းမွန်လာခဲ့လို့ ဘောလုံးပွဲစဉ်တွေ ဆက်လက်ကစားခွင့် ရခဲ့တာဖြစ်ပါတယ်။
Photo - Reuters