Home
မြန်မာသတင်း
အမ်းမြို့နယ်တွင် အေအေနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်
DVB
·
December 16, 2023
Arm 16122023

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းက ရက္ခိုင့်တပ်တော်(အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

အမ်းမြို့နယ် ကဇုကိုင်းတံတားနားမှာ မနေ့ ညနေ ၄နာရီကျော်လောက်က တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီရဲ့ ကဇုကိုင်းအခြေစိုက်ဗျူဟာကနေ လက်နက်ကြီးတွေအဆက်မပြတ် ပစ်ကူပေးခဲ့ပြီး အဲဒီလက်နက်ကြီးကျည်တွေဟာ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ကိုကျော်ပြီး တမိုင်လောက် အကွာမှာ ကျရောက်ပေါက်ကွဲတာတွေရှိတယ်လို့  ဒေသခံက ပြောပါတယ်။

အဲဒီတိုက်ပွဲ ဖြစ်ပွားတဲ့နေရာကို ဒီဇင်ဘာလ ၁၄ ရက်ကတည်းက အေအေရဲဘော်တွေနေရာယူထားပြီး စစ်ကောင်စီတပ်ဘက်က နယ်မြေရှင်းလင်းရေးလာတဲ့ အချိန်မှာ လက်ဦးမှုရယူပြီးတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိကာ အရှင်ဖမ်းမိသူတွေလည်းရှိတယ်လို့ ဆိုပေမဲ့ အရေအတွက်ကိုတော့ သီးခြား အတည်ပြုနိုင်ခြင်းမရှိပါဘူး ။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ရှိ ၁၆ မြို့နယ်မှာ အောက်တိုဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်အထိ စစ်ကောင်စီရဲ့ ဗျူဟာကုန်း၊နယ်ခြားစောင့်စခန်းတွေအပါဝင် စစ်စခန်းပေါင်း ၁၄၂ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာ ၁၄ ရက်မှာ ရက္ခိုင့်တပ်တော် အေအေက ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024