Home
နိုင်ငံတကာ
မင်းသား မက်သယူးပယ်ရီသေဆုံးမှု  ကတ်တမင်းစိတ်ကြွဆေးကြောင့်ဖြစ်ဟု စစ်ဆေးတွေ့ရှိ 
DVB
·
December 16, 2023
FILE PHOTO: Cast member Perry poses at the premiere for the television series "The Kennedys After Camelot" at The Paley Center for Media in Beverly Hills

ရုပ်ရှင်မင်းသား မက်သယူးပယ်ရီဟာ စိတ်ဓာတ်ကျရောဂါကို ကုသရာမှာ တခါတလေသုံးတဲ့ ကတ်တမင်း စိတ်ကြွဆေးရဲ့ ပြင်းထန်တဲ့ အာနိသင်ကြောင့် သေဆုံးသွားခဲ့တာလိ့ လော့စ် အိန်ဂျလိစ်မြို့နယ် ဆေးဘက် စစ်ဆေးရေးမှူးရုံးက ဒီဇင်ဘာ ၁၅ ရက်မှာ ကြေညာပါတယ်။

ခွဲစိတ်စစ်ဆေးမှုဆိုင်ရာ အစီရင်ခံစာထဲမှာ မတော်တဆမှုတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ပယ်ရီရဲ့ သေဆုံးမှုအတွက် အထောက်အကူ ဖြစ်စေတဲ့ အချက်တစ်ခုအနေနဲ့ အကိုက်အခဲ ပျောက်ဆေး အဖြစ်သုံးတဲ့ ဆေးရဲ့  ဘီပရက်နော်ဖှင်း ဆေးရဲ့ အကျိုးသက်ရောက်မှုတွေကို ဖော်ပြထားပါတယ်။

ပယ်ရီဟာ ၁၉၉၀ ပြည့်နှစ်တွေအတွင်းက နာမည်ကြီး ရုပ်သံဇာတ်လမ်းတွဲ "Friends" မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သင်္ဘောအသုံးအဆောင် ပစ္စည်းတွေ ရောင်းချသူ ဘင်အဖြစ် လူသိများပါတယ်။

အသက် ၅၄  နှစ်အရွယ် ပယ်ရီကို ပြီးခဲ့တဲ့အောက်တိုဘာ  ၂၈ ရက်မှာ သူ့ရဲ့ လော့စ်အိန်ဂျလိစ်မြို့က နေအိမ်အတွင်း ဂျာကူဇီရေစိမ်ကန်အတွင်း သေဆုံးနေတာကို တွေ့ခဲ့ကြတာပါ။

ပယ်ရီဟာ သူရဲ့အမှတ်တရဖြစ်တဲ့ "သူငယ်ချင်းတွေ၊ ချစ်သူတွေနဲ့ ဆိုးဆိုးရွားရွား အဖြစ်အပျက် ကြီးတွေလို့ နာမည်ပေးထားတဲ့ အမှတ်တရစာအုပ်ကို ထုတ်ဝေပြီး တစ်နှစ်အကြာမှာ ကွယ်လွန်သွားခဲ့တာပါ့။

ဒီစာအုပ်ဟာ အကိုက်အခဲပျောက်ဆေးတွေနဲ့ အရက်ကို ဆယ်စုနှစ်ချီ စွဲလမ်းခဲ့ပြီး သူ့ဘဝအဆုံးသတ်ဖို့ တကြိမ်မက ပိုနီးစပ်ခဲ့တယ်လို့ သူပြောခဲ့ဖူးတဲ့ ဖြစ်ရပ်တွေအကြောင်း ရေးသားထားတဲ့ သမိုင်းမှတ်တမ်းစာအုပ်လည်း ဖြစ်ပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024