ပိုကောင်းတဲ့ဘောလုံးပွဲစဉ်တွေ ဖြစ်လာဖို့ နည်းပြတွေနဲ့ ဒိုင်လူကြီးတွေ ပူးပေါင်း လုပ်ဆောင်သွားရမှာဖြစ်ကြောင်း အာဆင်နယ်နည်းပြ အာတီတာက ပြောပါတယ်။
အာတီတာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ဒိုင်လူကြီးတွေကို အပြင်းအထန်ဝေဖန်ခဲ့ပေမဲ့ အက်ဖ်အေက အရေးမယူဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဘရိုက်တန်နဲ့ ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာတော့ ဒိုင်လူကြီးတွေအနေနဲ့ နည်းပြတွေနဲ့ ပူးပေါင်းပြီး ပိုကောင်းတဲ့ပွဲစဉ်ဖြစ်လာဖို့ လုပ်ဆောင်သွားရမှာ ဖြစ်ကြောင်း အာတီတာက ပြောပါတယ်။
ပွဲစဉ်တွေကို ပိုမိုတိုးတက်ကောင်းမွန်လာဖို့ နည်းလမ်းအားလုံးကို အားပေးထောက်ခံပြီး ဒိုင်လူကြီးတွေက ကြီးမားတဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်ဆိုတာ ဒိုင်လူကြီး တွေကိုယ်တိုင် သိရှိနားလည်ကြောင်း နည်းပြအာတီတာက ပြောပါတယ်။
အမှားတွေကနေ သင်ခန်းစာယူပြီး ရှေ့ဆက်ဖို့လိုအပ်ကြောင်းလည်း နည်းပြအာတီတာက ထောက်ပြသွားခဲ့ပါတယ်။
Photo - Reuters