ဂျော်ဒန်မင်းသမီး ဆလ်မာဘင့်အဗ္ဗဒူလာဟာ ဂါဇာရှိ ဂျော်ဒန်ကွင်းဆင်းဆေးရုံအတွက် ဆေးဘက်ဆိုင်ရာ အကူအညီတွေ ပို့ဆောင်ပေးနေတဲ့ လေယာဉ်ပေါ် ဒီဇင်ဘာ ၁၄ ရက်က လိုက်ပါသွားပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်းဟားမတ်စ်တို့အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အကြားမှာ ကမ်းမြောင်ဒေသကို အရေးပေါ်ဆေးဝါးအကူအညီတွေကို ဂျော်ဒန်လေတပ်မှ ဝေဟင်ကနေ ပေးပို့တာဖြစ်ပြီး ဒါဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။
အစ္စရေးဟာ ၂၅ မိုင် ရှည်လျားတဲ့ ဂါဇာကမ်းမြောင်ကို တိုက်ခိုက်နေတာဖြစ်ပြီး အိုးအိမ်တွေ အဖျက်ဆီးခံရတဲ့ အရပ်သားတွေ အသက်ရှင် နေထိုင်နိုင်ဖို့ အခြေခံအထောက်အပံ့တွေကို ပိုမိုပေးအပ်နိုင်ဖို့ တိုက်ပွဲတွေ ခဏလောက် ရပ်နားပေးဖို့ ဒါမှမဟုတ် အပစ်အခတ်ရပ်စဲရေး လုပ်မယ့် လက္ခဏာတောင် မရှိပါဘူး။
ဂါဇာကမ်းမြောင်ဒေသကို စိုးမိုးအုပ်ချုပ်တဲ့ ဟားမတ်စ်အဖွဲ့က အောက်တိုဘာ ၇ ရက်မှာ အစ္စရေးကို နယ်စပ်ဖြတ်ကျော် စီးနင်းတိုက်ခိုက်ခဲ့ရာမှာ အစ္စရေးနဲ့ နိုင်ငံခြားသားတွေ အပါအဝင် လူပေါင်း ၁,၂၀၀ လောက် သေဆုံးပြီးတော့ ဓားစာခံ ၂၄၀ ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ဒီနောက် အစ္စရေးကလည်း ဂါဇာမှာ စစ်ရေးလှုပ်ရှားမှုကို စတင်ခဲ့ပြီး ဟားမတ်စ်တို့ရဲ့ ပစ်မှတ်တွေကို လက်တုံ့ပြန် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
Source/Photo - Reuters