ဒီတပတ်ကစားရမယ့် လီဗာပူးအသင်းနဲ့ပွဲစဉ်မှာ မန်ယူနိုက်တက် နောက်ခံလူ မက်ဂွဲယား မပါဝင်နိုင်ပေမဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်နဲ့ နောက်ခံလူ လုခ်ရှောတို့ ပြန်လည်ပါဝင်လာမှာပါ။
အမ်ဖီးလ်ကွင်းမှာကစားရမယ့် အင်္ဂလန်ဒါဘီ ပွဲစဉ်ကို တနင်္ဂနွေနေ့ ည ၁၁ နာရီမှာ ယှဉ်ပြိုင်ကြမှာပါ။
မန်ယူအသင်းဟာ ဘိုင်ယန်နဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲစဉ်မှာ မက်ဂွဲယား ဒဏ်ရာရရှိခဲ့တာကြောင့် လူစားလဲခဲ့ရပြီး ရက်သတ္တပတ် အနည်းငယ် အနားယူရမှာဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က အတည်ပြုပါတယ်။
အဲဒီပွဲကို လွဲချော်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်နဲ့ လုခ်ရှောတို့နှစ်ဦးကတော့ လေ့ကျင့်ခန်းပြင်ဆင်းနေပြီဖြစ်လို့ ပြန်လည်ပါဝင်လာမယ်လို့ နည်းပြ တန်ဟတ်ဂ်က ပြောပါတယ်။
မန်ယူအသင်းဟာ ပွဲစဉ် ၁၆ အပြီးမှာ အဆင့် ၆ နေရာမှာရပ်တည်နေပြီး အမ်ဖီးလ်ကွင်းမှာ မနှစ်ကရာသီက ၇ ဂိုးပြတ်ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရမှုကို ပြန်လည်ချေဖျက်ပြဖို့လို အပ်နေတာ ဖြစ်ပါတယ်။
Photo - Reuters