တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှာ အခုရက်ပိုင်း မြို့တွင်းလုံခြုံရေး ဆောင်ရွက်ဖို့အတွက် စစ်ကောင်စီတပ်ဖွဲ့အင်အား အလွန်နည်းပါးလာတာကြောင့် ပျူစောထီးတွေနဲ့ စစ်မှုထမ်းဟောင်းတချို့ အပါအဝင် ရပ်ကွက်နေပြည်သူတွေကို တနေ့ ကျပ် ၃၀၀၀၀ ပေးပြီး လုံခြုံရေးယူခိုင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံပြည်သူတဦးက “ပိုက်ဆံပေးပြီးခိုင်းတာက ရပ်ကွက်က လူတချို့ကိုပဲ လုံခြုံရေးအတွက် ခိုင်းစားတာပါ။ ပျူတွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေကိုတော့ ပေးတယ်လို့ မကြားရဘူး။ အေးရိပ်ငြိမ်ရပ်ကွက်နဲ့ ရွှေပြည်သာရပ်ကွက်က လူတချို့ကို တနေ့ ၃၀၀၀၀ ပေးပြီး လုံခြုံရေး ဆောင်ရွက်ခိုင်းနေတာပါ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရင်းတွေမှာ ရှေ့တန်းစစ်ဆင်ရေးနဲ့ မြို့တွင်းလုံခြုံရေးတွေကို အဓိက ဦးစားပေး လုပ်ဆောင်နေရလို့ တပ်ရင်း နောက်တန်းလုံခြုံရေးနဲ့ တိုက်ခိုက်ရေးအင်အားမှာ အလွန်နည်းပါးနေတာကြောင့် အသက်မပြည့်သေးတဲ့ တပ်မိသားစုဝင် ကလေးငယ်တွေကိုပါ ရက်တိုစစ်သင်တန်းပေးကာ တပ်ရင်းလုံခြုံရေးအတွက် ကင်းစောင့်ခိုင်းထားတယ်လို့ တပ်တွင်းနီစပ်သူက ပြောပါတယ်။
တပ်တွင်းနဲံ့နီးစပ်သူတဦးက“အဲဒါကတော့ ကြားထားတာ ကြာပြီ၊ အခုမှ အတည်ပြုလို့ရပါတယ်။ ဒါကတော့ ရှင်းပါတယ်။ သူတို့မှာ စစ်အင်အား မရှိတော့ဘူးဆိုတာကို ပြနေတာပါပဲ။ အသက်မပြည့်တဲ့ ကလေးငယ်တွေကို စစ်မှုထမ်းခိုင်းနေတာကလည်း လူ့အခွင့်ရေးချိုးဖောက်တာ ပေါ်လွင်နေပါတယ်။ အဲဒီအတွက် ထွေထွေထူးထူးတောင် မပြောတော့ပါဘူး” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၁၂ ရက်ကလည်း ကော့သောင်းမြို့ ၇ မိုင် တောင်တန်းအိမ်စု အနီးတဝိုက်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ရောက်ရှိနေပြီလို့ သတင်းထွက်လာပြီးနောက် စစ်ကောင်စီက မြို့တွင်း လုံခြုံရေးတွေကို တိုးမြှင့်ဆောင်ရွက်တာအပြင် ရပ်ကွက်အတွင်း အိမ်ထောင်စုစာရင်းနဲ့ ဧည့်စာရင်း တင်းကျပ်စွာ စစ်ဆေးနေတယ်လို့ သိရပါတယ်။
ပကဖတာဝန်ခံတဦးက “ကျနော်တို့ဘက်ကတော့ သတိပေးစာတွေ ထုတ်ပြန်ထားပြီးသားပါ။ စကစနဲ့ အနီးကပ်မသွားလာကြဖို့ ပြီးတော့ ဆောင်ရန် ရှောင်ရန် အချက်တွေကို လိုက်နာကြဖို့ သတိပေးစာတွေ ထုတ်ပြန်ထားပြီးသားဖြစ်တဲ့အတွက် မလိုက်နာတဲ့လူတွေက ကိုယ့်သမိုင်းကိုယ် ရေးကြတာမို့ ကိုယ့်ထိုက်ကိုယ့်ကံပဲ့ပေါ့” လို့ ပြောပါတယ်။
ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်မှာလည်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် မလိဝမ်း အနီးတဝိုက်နဲ့ မာရမ်းဒေသတွေမှာ စစ်ကောင်စီက လက်နက်ခဲယမ်း အပြည်အစုံနဲ့ အင်အား ၁၀၀ ကျော် တပ်စွဲထားပြီးတော့ သွားလာလှုပ်ရှားနေကြသလို ပါကလပ်ဒေသ