ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ ဆော်ဒီမှာကစားကြမယ့်ခြေစမ်းပွဲမှာ ပြန်လည်တွေ့ဆုံတော့မှာဖြစ် ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ ရာသီကြိုပြင်ဆင်မှုအနေနဲ့ လာမယ့် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာ ဆော်ဒီနိုင်ငံဆီသွားရောက်ကာ Riyadh Season Cup ဖလားပြိုင်ပွဲ ကစားမှာဖြစ်ပြီး အယ်လ်ဟီလယ်၊ အယ်လ်နာဆာအသင်းတို့နဲ့ တွေ့ဆုံမှာပါ။
ဒါကြောင့် အယ်လ်နာဆာကစားသမား ရော်နယ်ဒိုနဲ့ အင်တာမိုင်ယာမီကစားသမား မက်ဆီတို့ဟာ လာမယ့် ဖေဖော်ဝါရီလဆန်းပိုင်းမှာ တွေ့ဆုံကြမှာပါ။
ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ ၂၀၀၈ ခုနှစ်က ကစားခဲ့တဲ့ မန်ယူနဲ့ ဘာစီလိုနာတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပြီး နောက်ထပ် ၃၄ ကြိမ် ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ကစားခဲ့ကြပါတယ်။
အဲဒီ ၃၅ ပွဲမှာ မက်ဆီပါတဲ့ဘက်က ၁၆ ပွဲနိုင်ပြီး ရော်နယ်ဒိုဘက်က ၁၀ပွဲ နိုင်ခဲ့ကာ ၉ ပွဲက သရေကျခဲ့တာပါ။
ဂိုးသွင်းယူမှုမှာတော့ မက်ဆီက ၂၁ ဂိုးသွင်း၊ ၁၂ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့ပြီး ရော်နယ်ဒိုက သွင်းဂိုး ၂၀ နဲ့ ဂိုးဖန်တီးမှု တစ်ကြိမ်လုပ် ဆောင်နိုင်ခဲ့ပါတယ်။
Source/Photo - Reuters