Home
မြန်မာသတင်း
ပြည်မြို့တွင် နေ့ခင်းဘက် ဓားပြတိုက်မှုဖြစ်ပွား 
DVB
·
December 12, 2023
Pyi Rubber_12122023

ပဲခူးတိုင်း၊ ပြည်မြို့မှာ ဒီဇင်ဘာ ၁၂ ရက် နေ့လယ် ၃ နာရီလောက်က  မြို့လယ်လမ်းကြီးတခုဖြစ်တဲ့ ဗိုလ်ချုပ်လမ်းမပေါ်က လူနေအိမ်တအိမ်ကို သေနတ်သမား ၂ ယောက်က  ဓားပြဝင်တိုက်သွားတယ်လို့  မြို့ခံတွေထံက သိရပါတယ်။

ဓားပြတိုက်ခံရတဲ့ အိမ်ဟာ ဆိုင်နဲ့တွဲဖွင့်ထားတာဖြစ်ပြီး  ဆိုင်မှာတော့ ဆန်ရောင်းတာနဲ့  KPay ၊ Wave  money စတဲ့ ငွေလွှဲလုပ်ငန်း လုပ်ကိုင်ကာ ဓားပြတွေလက်ထဲ ကျပ်သိန်း ၁၀၀ လောက်ပါသွားတယ်   ပြည်မြို့ခံတယောက်က ပြောပါတယ်။

ဓားပြတိုက်ခံရတဲ့အိမ်နဲ့ အိမ်နီးချင်းတယောက်က “နေ့လယ် ၃ နာရီလောက်မှာ မတ်တူးကား အဖြူရောင်နဲ့ လူနှစ်ယောက်  သေနတ် နှစ်လက်နဲ့ ဆိုင်ထဲ၀င်လာပြီး။ သားအမိ  နှစ်ယောက်ကို သေနတ်ထောက်ပြီး၊ လည်ပင်းကိုလည်း ညှစ်ပြီး ငွေတောင်းနေချိန်မှာ သမီးက အော်လို့ ရိုက်နှက်တာတွေတော့ လုပ်သွားတယ်။ နှစ်ယောက်လုံး ဖူးရောင်သွားတယ်။ ရပ်ကွက်က လူတချို့ ရောက်လာလို့ ထွက်ပြေးသွားကြတာ။ ငွေသိန်း ၁၀၀ လောက် ပါသွားတယ်” လို့ ပြောပါတယ်။

ဓားပြတွေကိုတော့ လက်ရှိအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။  လတ်တလောမှာတော့ မြို့အဝင်အထွက်တွေကို ပိတ်ဆို့ပြီး ရှာဖွေနေတယ်လို့ ပြည်မြို့ အမှတ် (၃) ရဲစခန်း တာဝန်ကျရဲတစ်ဦးက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024