ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ အသင်းတိုင်းကို အနိုင်ယူနိုင် ကြောင်း မန်ယူနည်းပြ တန်ဟတ်ဂ်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ ချန်ပီယံလိဂ်အုပ်စု အဆင့်ကို ကျော်ဖြတ်နိုင်ဖို့အတွက် ဘိုင်ယန်အသင်းကို အနိုင်ရရှိမှသာ မျှော်လင့်ချက်ရှိမှာပါ။
ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာတော့ အသင်းရဲ့ ခြေစွမ်းက တသမတ်တည်းမရှိပေမဲ့လည်း အသင်း တိုင်းကို အနိုင်ယူနိုင်တဲ့ စွမ်းဆောင်ရည်ရှိကြောင်း နည်းပြတန်ဟတ်ဂ်ကပြောပါတယ်။
နည်းပြတန်ဟတ်ဂ်က“ကျနော်တို့ ခြေစွမ်းက တသမတ်တည်းမရှိပေမဲ့ စွမ်းဆောင်ရည်ကောင်းတွေရှိပါတယ်။ မှန်ကန်တဲ့ တိုက်ပွဲဝင် စိတ်ဓာတ်နဲ့သာကစားမယ်ဆိုရင် ဘယ်လိုပြိုင်ဘက်မျိုးကိုမဆို အနိုင်ယူနိုင်ပါတယ်”လို့ပြောပါတယ်။
မန်ယူအသင်းဟာ ဘိုင်ယန်နဲ့ပွဲမှာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်နဲ့ မာစီယယ်တို့ လွဲချော်ဖို့ရှိပြီး နောက်ခံလူ လင်ဒီလော့ဖ်လည်း ပါဝင်နိုင်ဖို့မရှိကြောင်း သိရပါတယ်။
Photo-Reuters