နာကျင်အချိန်ပို သွင်းဂိုးအရေအတွက်မှာ မန်ယူနည်းပြဟောင်းဖာဂူဆန်ရဲ့ မှတ်တမ်းကို လီဗာပူး နည်းပြကလော့ပ်က ကျော်ဖြတ်သွားပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်က ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးအသင်းက နာကျင်အချိန်ပိုသွင်းဂိုးနဲ့ ခရစ္စတယ်ပဲလေ့ကို အနိုင်ယူပြီး အဆင့်တစ်နေရာကို တက်လှမ်း လာနိုင်ခဲ့တာပါ။
အယ်လီယော့ရဲ့ နာကျင်အချိန်ပိုသွင်းဂိုးဟာ နည်းပြကလော့ပ် ရောက်ရှိလာပြီးနောက် ၁၇ ကြိမ်မြောက် နာကျင်အချိန်ပို သွင်ဂိုးဖြစ်ခဲ့တာပါ။
မန်ယူနည်းပြဟောင်း ဖာဂူဆန်လက်ထက်မှာ မန်ယူအသင်းက နာကျင်အချိန်ပိုသွင်းဂိုး ၁၆ ကြိမ်ရရှိခဲ့တာဖြစ်ပြီး နည်းပြ ကလော့ပ်ရဲ့ လီဗာပူးက ကျော်ဖြတ်နိုင်ခဲ့တာပါ။
ဗြိတိန်မီဒီယာတွေကတော့ နာကျင်အချိန်ပိုတွေကို ဖာဂီတိုင်းမ်လို့ သတ်မှတ်ခေါ်ဆိုခဲ့ကြတာကိုမေ့ လိုက်ပြီး ကလော့ပ်တိုင်းမ်လို့ ပြောင်းလဲခေါ်ဆိုရတော့မယ်လို့ ရေးသားဖော်ပြခဲ့ကြ ပါတယ်။
Photo-Reuters