ချဲလ်ဆီးနည်းပြ ပိုချက်တီနိုဟာ အရပ်အမောင်းမြင့်မားတဲ့ တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ ပစ်မှတ် ထားကြိုးပမ်းနေပါတယ်။
ချဲလ်ဆီးအသင်းဟာ အဲဗာတန်နဲ့ပွဲစဉ်မှာ ၇ ပွဲမြောက် လိဂ်ရှုံးပွဲတွေ့ခဲ့ရပြီးနောက် အသင်းရဲ့ ကစားသမားအင်အားကို ပြောင်းလဲဖို့ ပိုချက်တီနိုက ဆန္ဒရှိနေတာပါ။
အထူးဖြင့် အဲဗာတန်နဲ့ ပွဲထွက်ကစားခဲ့တဲ့ အသင်းလူစာရင်းမှာ အရပ် ၆ ပေကျော်တဲ့ ကစားသမား ၄ ဦးသာရှိခဲ့ပြီး အဲဒီအချက်က ခေါင်းတိုက်ဘောတွေမှာ အားနည်းမှုရှိစေကြောင်း ခန့်မှန်း သုံးသပ်ကြပါတယ်။
ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ အန်ဇို၊ ကိုင်ဆယ်ဒိုနဲ့ ဂေါ်လဂါတို့ဟာလည်း အရပ် ၆ ပေ အောက်တွေဖြစ်လို ခေါင်းတိုက်ဘောတွေမှာ အားနည်းချက်ရှိကြောင်း ဝေဖန်ခံနေရတာပါ။ လာမယ့် ဇန်နဝါရီမှာ ကစားသမားသစ်ခေါ်ဖို့ တောင်းဆိုထားတဲ့ ပိုချက်တီနိုကတော့ အရပ်အမောင်းမြင့်မားတဲ့ တိုက်စစ်မှူးခေါ်ယူဖို့ ဦးစားပေး ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
Photo-Reuters