အီရန်နိုင်ငံအရှေ့ပိုင်း ဘာဂျန်ဒါ အထူးစီးပွားရေးဇုန်က ရေနံချက်စက်ရုံငယ်တခုမှာ ဒီဇင်ဘာ ၁၀ ရက်က မီးလောင်ပြီး ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ရာမှာ မထိန်းချုပ်နိုင်သေးဘူးလို့ အီရန်နိုင်ငံပိုင် မီဒီယာက ပြောပါတယ်။
ရေနံချက်စက်ရုံက လောင်စာလှောင်ကန် ၁၈ လုံး မီးလောင်ကျွမ်းခဲ့လို့ မီးလောင်မှုရဲ့ ကနဦး အဆင့်မှာ လောင်စာဆီလီတာ ၁ သန်းခွဲလောက် မီးလောင်ကျွမ်းသွားခဲ့တယ်လို့ အီရန်ရဲ့ ဖှားစ် သတင်းဌာနက ပြောပါတယ်။
မီးလောင်မှုမှာ အသေအပျောက် မရှိဘူးလို့ သတင်းရပေမဲ့ ပျက်စီးဆုံးရှုံးမှုကို အကဲမဖြတ်နိုင်သေးဘူးလို့လည်း နိုင်ငံပိုင် မီဒီယာက ပြောပါတယ်။
Source/Photo - Reuters