တရုတ်နိုင်ငံဟာ အာကာသအတွင်း အဝေးထိန်း အာရုံခံဂြိုဟ်တုအသစ်ကို Long March-2D ဒုံးပျံပေါ် တင်ဆောင်ပြီး ဒီဇင်ဘာ ၁၀ ရက်မှာ ပစ်လွှတ်လိုက်ပြီဖြစ်တယ်လို့ တရုတ် လေကြောင်း အာကာသသိပ္ပံနဲ့ နည်းပညာကော်ပိုရေးရှင်းအရ သိရပါတယ်။
အဲဒီဒုံးပျံကို အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ရှိ ရှီးချမ်းဂြိုဟ်တုလွှတ်တင်ရေးစင်တာကနေ ပေကျင်းစံတော်ချိန် ၉ နာရီ ၅၈ မိနစ်မှာ လွှတ်တင်ခဲ့တာဖြစ်ပြီး ယောင်းကန်း-၃၉ ဂြိုဟ်တုကို ကြိုတင်သတ်မှတ်ထားတဲ့ ပတ်လမ်းထဲကို ပို့လွှတ်ပေးခဲ့ပါတယ်။
ဒါဟာ Long March စီးရီး ဒုံးပျံတွေရဲ့ အကြိမ် ၅၀၀ မြောက် ပျံသန်းရေးမစ်ရှင် ဖြစ်ပါတယ်။ ယောင်းကန်း ဂြိုဟ်တုတွေကို သိပ္ပံဆိုင်ရာ အချက်အလက်တွေကို စုဆောင်းခြင်း၊ မြေယာစစ်တမ်း ကောက်ယူခြင်းနဲ့ စိုက်ပျိုးရေးစောင့်ကြည့်ခြင်းအပါအဝင် အသုံးပြုစရာတွေအတွက် ဒီဇိုင်း ထုတ်ထားပါတယ်။
Source/Photo - Reuters