ရုရှားတပ်ဖွဲ့တွေဟာ လက်နက်ခဲယမ်း သိုလှောင်ရုံအပါအဝင် ယူကရိန်းပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ ကြောင်း ရုရှားက စနေနေ့မှာ ပြောကြားခဲ့ပြီး ယူကရိန်းကလည်း သူ့လက်နက်ကိုင် တပ်ဖွဲ့တွေဟာ ဘန်ကာတခု အပါအဝင် ရုရှားပစ်မှတ် အများအပြားကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းအရှေ့ပိုင်းရှိ ဒွန်နက်စ်ခ်၊ လိုင်မန်နဲ့ ကူးဖျန့်စ်ခ်တို့မှာ ယူကရိန်းထိုးစစ် အများအပြားကို ချေမှုန်းခဲ့ပြီး ယူကရိန်း ခဲယမ်းမီးကျောက် သိုလှောင်ရုံကို တိုက်ခိုက်ခဲ့ကြောင်းနဲ့ သူတို့ရဲ့သံချပ်ကာယာဉ်တွေနဲ့ အမြောက်စနစ်တွေကို ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက သတင်းအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ရုရှား လေကြောင်း ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ယူကရိန်းဘက်ခြမ်းက မောင်းသူမဲ့လေယာဉ် အများအပြားကို ကြားဖြတ် ဟန့်တားခဲ့ကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီတနေ့တည်းမှာပဲ ယူကရိန်းတပ်မတော် (AFU)ရဲ့ စစ်ဦးစီးချုပ်က ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ယူကရိန်း အရှေ့ပိုင်း ဘာ့ခ်မုထ်နဲ့ တခြားလမ်းကြောင်းတွေမှာ ယူကရိန်းနဲ့ ရုရှားတပ်တွေအကြား တိုက်ပွဲအများအပြား ဖြစ်ပွားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ယူကရိန်းစစ်တပ်ရဲ့ ဒုံးကျည်တပ်ဖွဲ့ တွေဟာ ဘန်ကာတခု အပါအဝင် ရုရှားပစ်မှတ် အများအပြား ကို တိုက်ခိုက်ခဲ့ပြီးတော့ ရုရှားဒုံးကျည်တစ်စင်းကို ကြားဖြတ် ဟန့်တားခဲ့ကြောင်းလည်း အခိုင်အမာ ဆိုပါတယ်။
Source/Photo - Reuters