အသင်းရဲ့ပြဿနာအများစုကို ပြေလည်စေဖို့အတွက် ကစားသစ်တွေခေါ်ယူသွားဖို့ လိုအပ် ကြောင်း ချဲလ်ဆီးနည်းပြပိုချက်တီနိုက တောင်းဆိုသွားပါတယ်။
ချဲလ်ဆီးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ အဲဗာတန်နဲ့ ပွဲစဉ်မှာ ၂ ဂိုး ဂိုးမရှိနဲ့ရှုံးပွဲထပ်တွေ့ခဲ့ရပြီး အမှတ်ပေးဇယားအဆင့် ၁၂ အထိ ကျဆင်းသွားခဲ့ရတာပါ။
အဲဗာတန်နဲ့ပွဲစဉ်မှာ ပိုကောင်းအောင်ကစားနိုင်ခဲ့ပေမဲ့ တိုက်စစ်ပိုင်းကအဆုံးသတ် အားနည်းမှုတွေက အဖြေရှာဖို့လိုအပ်နေပြီး ကစားသမားသစ်တွေခေါ်ယူဖို့ လိုအပ်ကြောင်း နည်းပြ ပိုချက်တီနိုက ပြောပါတယ်။
အသင်းရဲ့အခြေအနေအမှန်က အမှတ်ပေးဇယားအလယ်အလတ်မှာပဲရှိသေးပြီး ဒုတိယအကျော့မှာ ပိုပြီးပြိုင်ဆိုင်မှုပြင်းထန်ဖို့နဲ့ အသင်းနဲ့ထိုက်တန်တဲ့ ရလဒ်ရရှိဖို့ဆိုရင် အပြောင်း အရွှေ့မှာ ကစားသမားသစ်တွေခေါ်ယူဖို့ လိုအပ်ကြောင်း နည်းပြပိုချက်တီနိုက ပြောပါတယ်။
ကစားသမားအသစ်တွေနဲ့ အသင်းမှာ ပြဿနာတွေလည်းရှိနေကြောင်း ပိုချက်တီနိုက ပြောသွား ပါတယ်။
Photo-Reuters