တိုက်စစ်မှူးဟာလန်းရဲ့ ဒဏ်ရာဟာ ဘယ်လောက်ကြာကြာ အနားယူရမလဲဆိုတာ မသိနိုင်ကြောင်း နည်းပြ ဂွါဒီယိုလာက ပြောသွားပါတယ်။
ဟာလန်းဟာ လူတန်တောင်းအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ အသင်းလူစာရင်းနဲ့အတူ လိုက်ပါနိုင်ခြင်းမရှိဘဲ လွဲချော်ခဲ့တာပါ။
သူဟာ အက်စတန်ဗီလာကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ခြေထောက်အရိုးဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ဘယ်လောက်ကြာကြာ အနားယူရမလဲဆိုတာ မသိရှိနိုင်ဘဲ စောင့်ကြည့်သွားရုံသာရှိကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။
ပရီးမီးယားလိဂ်မှာ တခြားအသင်းကြီးတွေ နိုင်ပွဲမရတဲ့အခါ သာမန်အခြေအနေလိုဖြစ်ပေမဲ့ မန်စီးတီးအသင်း နိုင်ပွဲပျောက်တဲ့အခါမှာ ပိုပြီးဝေဖန်မှုတွေခံရကြောင်း နည်းပြက ပြောပါတယ်။ စီးတီးဟာ ချဲလ်ဆီး၊ လီဗာပူးနဲ့ စပါးအသင်းတွေနဲ့ ၃ ပွဲဆက်သရေကျခဲ့ပြီး ဗီလာကိုရှုံးနိမ့် ခဲ့တာဖြစ်ပါတယ်။
Photo-Reuters