အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နဲ့ အီဂျစ်နိုင်ငံတို့မှာ အကျဉ်းကျခံနေရတဲ့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေကို လွှတ်ပေးဖို့ ဒူဘိုင်းမြို့က COP28 ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ထိပ်သီးညီလာခံကျင်းပရာ နေရာမှာ ဒီဇင်ဘာ ၉ ရက်က အလွန်ရှားရှားပါးပါး ဆန္ဒပြခဲ့ကြပါတယ်။
ယူအေအီးအကျဉ်းသား အာမဒ်မန်ဆော်နဲ့ မိုဟာမဒ်အာလ်စောဒစ်ခ်၊ အီဂျစ်-ဗြိတိန် ကပြား နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အာလာအဘ်ဒယ်ဖှာတာတို့ရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်ရင်း တက်ကြွလှုပ်ရှားသူ ၂၅ ဦးလောက် ဆန္ဒပြခဲ့ကြပါတယ်။
ယူအေအီးမှာ လူထု သဘောထားကွဲလွဲမှုကို နည်းနည်းသည်းခံပြီး နိုင်ငံရေးပါတီတွေနဲ့ အလုပ်သမားသမဂ္ဂတို့လို ဖွဲ့စည်းထားတဲ့ အဖွဲ့တွေကို တားမြစ် ပိတ်ပင်တဲ့ ယူအေအီးမှာ ခုလို ဆန့်ကျင်ဆန္ဒပြမှုဟာ သမိုင်းဝင်ဖြစ်ရပ်အဖြစ် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ဖော်ပြခဲ့ပါတယ်။
COP28 ညီလာခံကို လက်ခံကျင်းပမယ့် အခြေအနေတစ်ရပ်အနေနဲ့ ယူအေအီးဟာ ဆန္ဒပြပွဲတွေကို ကြိုအတည်ပြုဖို့နဲ့ ထိပ်သီးအစည်းအဝေးနေရာအတွက် ကန့်သတ်ထားဖို့ လိုအပ်တဲ့ ဆန္ဒပြပွဲတွေကို ကုလသမဂ္ဂလမ်းညွှန်ချက်တွေအရ အဲဒီနေရာမှာပဲ ဆန္ဒပြခွင့်ပြုဖို့ သဘောတူညီခဲ့ပါတယ်။
Source/Photo - Reuters