ဖိလစ်ပိုင် ထောက်ပံ့ရေးသင်္ဘောကို တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောက ရေအမြောက်နဲ့ ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်လို့ တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရဲ့ တရားမ၀င် ရန်လိုတဲ့လုပ်ရပ်တွေကို ဖိလစ်ပိုင်က ဒီဇင်ဘာ ၉ ရက်မှာ ရှုတ်ချလိုက်ပါတယ်။
ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က မျှဝေထားတဲ့ ဗီဒီယိုတွေထဲမှာ ဖိလစ်ပိုင်ငါးဖမ်းဗျူရိုရဲ့ ထောက်ပံ့ရေးသင်္ဘောကို တရုတ်ကမ်းခြေစောင့်သင်္ဘောတွေက ရေအမြောက်တွေနဲ့ ပစ်ခတ်နေတာ တွေ့ရပါတယ်။
ထောက်ပံ့ရေး သင်္ဘောဟာ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း စကားဘိုရို ရေတိမ်သောင်ခုံပေါ်က ဖိလစ်ပိုင်သင်္ဘော အစင်း ၃၀ ကျော်အတွက် ရေနံနဲ့ စားသောက်ကုန်တွေ ထောက်ပံ့ပေးဖို့ ပြန်လည် ထောက်ပံ့ရေး မစ်ရှင်ကို ဆောင်ရွက်နေခဲ့တာပါ။
ဒီပင်လယ်ပြင်ကို နှစ်နိုင်ငံစလုံးက ပိုင်ဆိုင်တယ်လို့ အခိုင်အမာ ငြင်းထားပါတယ်။ တောင်တရုတ်ပင်လယ်အတွင်း စကားဘိုရို ရေတိမ်သောင်ခုံနားက ရေပြင်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ ဖိလစ်ပိုင်ငါးဖမ်းသင်္ဘောသုံးစင်းကို စနေနေ့က ထိန်းချုပ်မှု အစီအမံတွေ လုပ်ခဲ့တယ်လို့ တရုတ်နိုင်ငံက အစောပိုင်းမှာ ပြောခဲ့ပါတယ်။
ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဘရူနိုင်းတို့ ပိုင်ဆိုင်တဲ့ အစိတ်အပိုင်းတွေ အပါအဝင် နှစ်စဉ် သင်္ဘောနဲ့ ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းတစ်ခုဖြစ်တဲ့ တောင်တရုတ် ပင်လယ် တစ်ခုလုံးနီးပါးကို ပိုင်တယ်လို့ တရုတ်က အခိုင်အမာ တောင်းဆိုထားပါတယ်။
Source/Photo - Reuters