ဘုန်းမောက်အသင်းကို ၃ဂိုး ဂိုး မရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အဝါကတ် ပြသခံရတဲ့ မန်ယူ အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ဟာ လီဗာပူးအသင်းနဲ့ ပွဲစဉ်ကို လွဲချော်တော့မှာပါ။
ဖာနန်ဒက်စ်ဟာ ဒိုင်လူကြီးကို စောဒကတက်ရင်းကနေ အဝါကတ် ပြခံခဲ့ရတာဖြစ်ပြီး စုစုပေါင်း ၅ ပွဲ ပြည့်သွားတဲ့အတွက် အနီးစပ်ဆုံးပွဲစဉ် တပွဲကို လွဲချော်ဖို့ ဖြစ်လာခဲ့တာပါ။
မန်ယူအသင်းဟာ ဒီဇင်ဘာ ၁၇ ရက်မှာ လီဗာပူးအသင်းနဲ့ အဝေးကွင်းပွဲစဉ် အဖြစ်ရင်ဆိုင်ရမှာ ဖြစ်ပြီး ဖာနန်ဒက်စ်လွဲချော်မှာက အားနည်းချက် တခုဖြစ် လာနိုင်ပါတယ်။
ဖာနန်ဒက်စ်ဟာ အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အားလုံးမှာ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး စုစုပေါင်း ၅ ဂိုးသွင်း ၅ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားတာပါ။
မန်ယူအသင်းသားတွေအနေနဲ့ ခြေစွမ်းကောင်းကို ဆက်ထိန်းနိုင်ခြင်း မရှိဘဲ ပုံမှန်ထက် နိမ့်ပါးတဲ့ စွမ်းဆောင်ရည်တွေကြောင့် ရလဒ်ရှုံးနိမ့်ခဲ့ရတာဖြစ်တယ်လို့ ဖာနန်ဒက်စ်က ပွဲအပြီးမှာ ပြောပါတယ်။
Photo-Reuters