အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီကို ၂၀၃၄ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆက်ကစားဖို့ ဖီဖာဥက္ကဋ္ဌ အင်ဖက်တီနိုက တိုက်တွန်းသွားပါတယ်။
မက်ဆီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတောင် ဆက်လက် ယှဉ်ပြိုင်ဖို့ မရှိကြောင်း တရားဝင် ထုတ်ပြောခဲ့ဖူးပေမဲ့ ၂၀၃၀ နဲ့ ၂၀၃၄ ကမ္ဘာ့ဖလားတွေမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဥက္ကဋ္ဌအင်ဖက်တီနိုက ဆန္ဒရှိနေတာပါ။
လက်ရှိအချိန်မှာ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ၂၀၃၄ ကမ္ဘာ့ဖလားမှာ အသက် ၄၇ နှစ်ရှိနေမှာပါ။ ၂၀၃၄ ခုနှစ်ကမ္ဘာ့ဖလားကို ဆော်ဒီနိုင်ငံက အိမ်ရှင်ကျင်းပခွင့်ရဖို့ နီးစပ်နေတာပါ။
မက်ဆီအနေနဲ့ လာမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ဆက်လက်ပါဝင် ယှဉ်ပြိုင်စေလိုပြီး ၂၀၃၄ ကမ္ဘာ့ဖလား အထိ ကစားဖို့ ဆန္ဒရှိသလို ကစားဖို့ ဖီဖာဥက္ကဋ္ဌက တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
Photo-Reuters