ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါဟာ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ဟိရိုခဇုမတ်စုနိုကို ရာထူးကနေဖယ်ရှား အစားထိုးဖို့ စီစဉ်နေတယ်လို့ ဂျပန်သတင်းစာက ဒီဇင်ဘာ ၉ ရက်မှာ ဖော်ပြပါတယ်။
မတ်စုနိုနဲ့ တခြားလူသိများတဲ့အဖွဲ့ဝင်တွေ အပါအဝင် ပါတီရဲ့ ဥပဒေပြုအမတ်တွေဟာ ချန်လှပ်ထားတဲ့ ရန်ပုံငွေ (အမေရိကန် ဒေါ်လာ ၆၉၃,၀၀၀ ) ကျော်နဲ့ ညီမျှတဲ့ ယန်းငွေ သန်း ၁၀၀ ကို သူတို့ကိုယ်ကျိုးအတွက် ယူထားနိုင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတာပါ။
ဒါကြောင့် စေ့စေ့စပ်စပ် စိစစ်တာတွေကို အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP)နဲ့ သူ့ခေါင်းဆောင် ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါတို့ ရင်ဆိုင်နေရပါတယ်။
မတ်စုနိုဟာ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း LDPရဲ့ အကြီးဆုံးအဖွဲ့ခွဲ ဆီကနေ ရတဲ့ ယန်းငွေ ၁၀ သန်းကျော်ကို ကြေညာဖို့ ပျက်ကွက်ခဲ့တယ်လို့ သံသယရှိတဲ့အကြောင်း အဆာဟိရှင်ဘွန်း သတင်းစာနဲ့ တခြား ဂျပန်သတင်းတွေမှာ ဖော်ပြထားပါတယ်။ မတ်စုနိုကတော့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး မှတ်ချက် ပေးဖို့ ငြင်းခဲ့ပါတယ်။
Source/Photo - Reuters