ထိုင်း၊ ဂျပန်၊ မက္ကဆီကို၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်အပါအဝင် နိုင်ငံပေါင်း တစ်ဒါဇင်ကျော်က ခရီးသွားတွေအတွက် ၂၀၂၃ ဒီဇင်ဘာ ၁၁ ရက်ကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ပြည်ဝင်ခွင့် ဗီဇာကြေး ၂၅ ရာခိုင်နှုန်း လျှော့ချပေးခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ သံရုံးတွေက ဒီဇင်ဘာ ၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အခုမူဝါဒဟာ နိုင်ငံပေါင်း တစ်ဒါဇင်ကျော်က သန်းရာချီတဲ့ ခရီးသွားတွေပါ အကျုံးဝင်ပြီး သူတို့ အတွက် တရုတ်နိုင်ငံဆီ ခရီးသွားရင် ဗီဇာကြေး သက်သာစေမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားတွေနဲ့ စီးပွားရေးသမားတွေ ပြည်တွင်းကို လာရောက်လည်ပတ်မှု တိုးလာစေဖို့ တရုတ်နိုင်ငံက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ကမ္ဘာမှာ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံ တရုတ်မှာ စီးပွားရေး ပြန်လည် နာလန် ထူလာအောင် ကြိုးစားနေတဲ့ အစီအမံတွေထဲက တခုလည်းဖြစ်ပါတယ်။
Source/Photo - Reuters