လတ်တလော အချိန်အတွင်း မြေမြှုပ်မိုင်းတွေ ချထားတဲ့ နေရာနယ်ပယ်ဟာ ယူကရိန်းနိုင်ငံပိုင်နက်ရဲ့ စုစုပေါင်း အကျယ်အဝန်း စတုရန်းကီလိုမီတာ ၁၇၀,၀၀၀ ရဲ့ သုံးပုံ တပုံနီးပါးအထိ ရှိလာတယ်လို့ နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနှင့် သယံဇာတဝန်ကြီး ရပ်စ်လန် စတီးလက်စ်က ဒီဇင်ဘာ ၈ ရက်မှာ ပြောလိုက်ပါတယ်။
ဘေးကင်းလုံခြုံစေရေးနဲ့ မြေဆီလွှာထဲက လေးလံတဲ့ သတ္တု သဲလွန်စတွေကို ကန့်သတ်ဖို့ ကြိုးပမ်းနေချိန်မှာ ယူကရိန်း နိုင်ငံဟာ မိုင်းတွေ ပြန်ဖော်တဲ့ လုပ်ငန်းကို အရှိန်မြှင့် လုပ်ဆောင် နေတယ်လို့ စတီးလက်စ်က ပြောခဲ့ပါတယ်။
ရုပ်ကြွင်းလောင်စာတွေဟာ သမိုင်းကြောင်းအရ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် သုံးစွဲရေးဆီ ပိုမြန်မြန် ပြောင်းဖို့ လိုတယ်လို့လည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂ ရာသီဥတုအေဂျင်စီရဲ့ အကြီးအကဲကတော့ ကမ္ဘာကြီး ပူနွေးမှုကို စက်မှုခေတ် မတိုင်ခင်က အပူချိန်ထက် ၁.၅ ဒီဂရီ စင်တီဂရိတ် အတွင်းသာ ရှိရေး ရည်မှန်းချက်ကို နိုင်ငံတွေကို မေတ္တာရပ်ခံရင်း သတိပေးခဲ့ပါတယ်။
Source/Photo - Reuters