အီတလီနိုင်ငံ ရောမမြို့တော် အရှေ့မြောက်ဖက်ရှိ တီဗိုလီမြို့မှာ ဆေးရုံတရုံ မီးလောင်ကျွမ်းမှုကို မီးသတ်သမားတွေက ဒီဇင်ဘာ ၉ ရက်မှာ ငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ကာ လူနာ ၂၀၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
မီးသတ်တပ်ဖွဲ့ အဆိုအရ ဆန် ဂျိုဗန်နီ အေဗန်ဂျလစ်စ်တာ ဆေးရုံရဲ့ မြေအောက်ထပ်မှာ ဒီဇင်ဘာ ၈ ရက် ဂရင်းနစ် စံတော်ချိန် ၂၁း၃၀ နာရီဝန်းကျင်မှာ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီးတော့ မီးတောက်တွေဟာ အရေးပေါ်ခန်းနဲ့ အထူးကြပ်မတ် ကုသဆောင်တို့အထိ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် မီးခိုးလုံးကြီးတွေက ဆေးရုံတခုလုံးကို လွှမ်းခြုံသွားတာကြောင့် အဆောက်အအုံကနေ ရွှေ့ပြောင်းဖို့ လိုအပ်ခဲ့ကြောင်း ပြောပါတယ်။ ကလေး ၇ ဦးနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးတို့ အပါအဝင် လူနာအယောက် ၂၀၀ အား တခြား အဆောင်တခုကို ရွှေ့ပြောင်းပေးခဲ့ပါတယ်။
Source/Photo - Vigili del fuoco/Handout via REUTERS