ယူကရိန်း ကလေးငယ်တွေကို ရုရှားနိုင်ငံဆီ တရားဥပဒေမဲ့ ပြန်ပို့တဲ့ လုပ်ရပ်အတွက် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ရုရှားကလေးသူငယ်ရေးရာ ကော်မရှင်နာမင်းကြီး မာရီယာ အယ်လ်ဗိုဗာ ဘေလိုဗာတို့ကို ဖမ်းဝရမ်း ထုတ်ခဲ့လို့ ကလေးတွေ အိမ်ပြန်ခရီးကို ဖြစ်မြောက်စေခဲ့တယ်လို့ ယူကရိန်း လူ့အခွင့်အရေးကော်မရှင်နာ မင်းကြီး ဒမစ်ထရို လူဘီနက်စ်က ဒီဇင်ဘာ ၈ ရက်မှာ ပြောလိုက်ပါတယ်။
နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးက ပူတင်နဲ့ မာရီယာကို ယူကရိန်းကလေးတွေကို ပြန်ပေးဆွဲမှုနဲ့ ပတ်သက်တဲ့ စစ်ရာဇဝတ်မှုနဲ့ စွဲချက်တင်ပြီး မတ်လမှာ ဖမ်းမိန့် ဝရမ်း ထုတ်ခဲ့တာပါ။
ကလေးငယ် ၁၉၅၄၆ ယောက်ကို ပြန်ပို့ပေးခဲ့တယ်လို့ ယူကရိန်းအစိုးရက တရားဝင် အတည်ပြု ပေမယ့် ကိန်းဂဏန်းက ဒီထက် ပိုမြင့်နိုင်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ကာတာနိုင်ငံက ကြားဝင် ဖျန်ဖြေပေးတဲ့ သဘောတူညီချက်အောက်မှာ ရုရှားစစ်တပ်က သိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေနဲ့ ရုရှားကနေ ကလေး ၈ ယောက်ကို ဒီဇင်ဘာ ၆ ရက်က ထပ်ပြီး ပြန်ပို့ပေးခဲ့ပါတယ်။
ကလေး ၄ ယောက်ကို အောက်တိုဘာမှာ ပြန်ပို့အပြီး ဒုတိယမြောက် အသုတ်အနေနဲ့ ပြန်ပို့တာ လည်း ဖြစ်ပါတယ်။
ယူကရိန်းမြို့တော် ကိယက်ဗ်မှာ ဒီဇင်ဘာ ၈ ရက်က ကျင်းပတဲ့ ယူကရိန်း ကလေးငယ်တွေ နေရပ်ပြန်ရေး နိုင်ငံတကာ ညွန့်ပေါင်း အဖွဲ့ရဲ့ ပထမဆုံး အစည်းအဝေးမှာ လူဘိနက်စ်က ခုလို ပြောလိုက်တာပါ။
ဒီအခမ်းအနားကို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ နိုင်ငံပေါင်း ၇၂ နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။
Source/Photo - Reuters